ပရိသတ်ကြီးရေ မင်းသမီးချောသင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာဆိုရင် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပြီး အိမ်ထဲမှာပဲ နားနားနေနေ နေထိုင်နေတာဖြစ်ပါတယ်။သင်ဇာက ကျန်းမာရေးလည်း အထူးလိုက်စားတာကြောင့် လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဖြစ်ပြီး အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်မျှတစွာ စားသုံးတာဖြစ်ပါတယ်။

Photo Credit:Thin Zar Wint Kyaw's Facebook Account/Amazing Grace
Photo Credit:Thin Zar Wint Kyaw's Facebook Account

အစစအရာရာကို သေချာဂရုစိုက်လို့လည်း သင်ဇာက ယနေ့အချိန်ထိတိုင် လှပနုပျိုပြီး ကျန်းမာတဲ့ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအများအပြားရှိပြီး သူမကလည်း ပရိသတ်တွေမရိုးအီသွားအောင် အမြဲတမ်းဆန်းသစ်တဲ့အပြင်အဆင်တွေနဲ့ အရမ်းမိုက်နေတာ‌ပါနော်။သင်ဇာကတော့ အိမ်ထဲမှာနေရင်းနဲ့တောင် သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို မျှဝေနေတာပဲဖြစ်ပါတယ်။

Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account

အခုဆိုရင်လည်း သင်ဇာဝင့်ကျော်က Trainerဆရာနဲ့အတူ Boxing လေ့ကျင့်ခန်းကို စနစ်တကျလေ့ကျင့်နေတာပဲဖြစ်ပါတယ်။သင်ဇာကလည်း အားကြိုးမာန်တက်နဲ့ သေချာလုပ်ဆောင်နေပြီး နှစ်ယောက်သား အပေးအယူမျှမျှတတနဲ့ လေ့ကျင့်နေကြတာပါနော်။သင်ဇာကတော့ ချွေးတွေထွက်တဲ့အထိ လေ့ကျင့်ခန်းကို အားရပါးရလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account

Source&Photo Credit:Thin Zar Wint Kyaw's Facebook Account

Video Credit:Thin Zar Wint Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။