ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ ချစ်စရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့ မြင်သူတိုင်း ချစ်သတ်ဝင်စေသလို အမိုက်စား ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ်။ မိသားစုပေါ်မှာလည်း သိတက်တဲ့ သမီးလိမ္မာလေး တစ်ယောက်ဖြစ်သလို လွတ်လပ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေတက်တာကိုလည်းတွေ့ရပါတယ်။သူမ က အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့သလို အောင်မြင်မှုတွေ ရရှိအောင်လည်း ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

Photo Credit - Ei Chaw Po
Photo Credit - Ei Chaw Po

စိတ်သဘောထားပြည့်ဝပြီးသူတစ်ပါးပေါ်မှာလည်းအမြဲကူညီတက်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေင ချစ်ခင်လေးစားရတဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း အိချောပို က လတ်တလောကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးတွေမှာ ပါဝင်ကူညီလုပ်ဆောင်နေတဲ့ သူတွေအတွက် ရေသန့်ဗူး များကို နာရေးကူညီမှုအသင်း ( ရန်ကုန်)တက်နိုင်သလောက် ပါဝင် ကုသိုလ်ယူလှူဒါန်းခဲ့ပါတယ်။

Photo Credit - Ei Chaw Po
Photo Credit - Ei Chaw Po

ယခုလို လှူဒါန်းမှုကို ဦးကျော်သူက သူ့ရဲ့ လူမှုကွန်ယက်စာမျက်မှာ မှတ်တမ်းတင်ဂုဏ်ပြု ဖော်ပြရာမှာလည်း "ရုပ်ရှင်သရုပ်ဆောင် အိချောပို မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ CVOID-19 ရောဂါကာကွယ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကူညီပေးလျက်ရှိသော နာကူ/သီးသန့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအတွက် ရေသန့်ဗူးလတ် (၁၂)ဗူးပါ ကဒ်(၁၀၀)အား လာရောက်လှူဒါန်းပေးခဲ့ပါတယ်.." ဆိုပြီး ရေးသားဂုဏ်ပြုထားပါသေးတယ်။ ပရိသတ်ကြီးကလည်း နိုင်ငံ နဲ့ လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် လှူဒါန်းပေးတဲ့ အိချောပို ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Ei Chaw Po

Source- Ei Chaw Po Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။