မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ Social Media ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ဖြူဖြူထွေးက တစ်နေ့ထက်တစ်နေ့ နာမည်ပိုရနေတာပဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်ပြီး ပျော်ပျော်နေတတ်တာကြောင့် အားလုံးကချစ်ခင်အားပေးနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc

အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတဲ့ ဖြူဖြူထွေးက ဇာတ်ကားနဲ့ ကြော်ငြာတွေရိုက်ကူးနေရတာလည်း ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် ပုံမှန်တင်ပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက "ပျင်းနေရင် ကြည့်လိုက်တော့ ဖြူဖြူထွေးကွ" ဆိုပြီး ဟာသဗီဒီယိုအသစ်လေးကို မျှ‌‌ဝေထားတာ ဖြစ်ပါတယ် ။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc

ဒီဗီဒီယိုလေးမှာတော့ ဖြူဖြူထွေးက နာမည်ကြီးဟာသတွေကို အခွီပုံစံနဲ့ ပြန်လည်သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ် ။ အူတက်အောင်ရယ်နေရတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးက ကြည့်ရှုသူသန်းနဲ့ချီအောင် ရရှိထားတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် လူကြည့်များအောင်မြင်နေတဲ့ မင်းသမီးချော ဖြူဖြူထွေးရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Phyu Phyu Htwe's FB Page

Photo Credit- Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။