အဓမ္မကျင့်တဲ့ ပြစ်မှု တွေဟာ ကမ႓ာတစ်ဝန်းနေရာအနှံ့ဖြစ်ပွားနေပါတယ်။ မိမိတို့မြန်မာရဲ့ ဓလေ့ထုံးစံအရ အရှက်အကြောက်ကြီးတဲ့ အတွက် ထိုကဲ့သို အကြောင်းတွေဘက်ရောက်ရင် ပြောမထွက်ကြပါဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင် အဓမ္မကျင့်တယ်ဆိုတာ မိမိ မသိတဲ့ သူစိမ်းတစ်ယောက်ကပြုကျင့်မှသာ ပြစ်မှုမြောက်တာ မဟုတ်ပါဘူး။ လင်မယားအချင်းချင်း၊ ချစ်သူအချင်းချင်း တောင်မှ မိမိအလိုမတူတဲ့ အချိန်၊ မိမိစိတ်ထဲက မပါတဲ့အချိန်မှာ အတင်းအကျပ်စေခိုင်းခံရရင်လဲပြစ်မှုမြောက်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ တစ်ချို့တွေက မိမိအနိုင်ကျင့်ခံရမှန်းမသိသလို တစ်ချို့တွေကလဲ မိမိအနိုင်ကျင့်လိုက်မှန်းမသိကြပါဘူး။

ထို့အပြင်သူတို့ဆီမှာ အတူတူအိပ်တာဟာ အရေးကြီးတဲ့ ပြဿနာမဟုတ်တဲ့ အတွက်ကြောင့် ယောက်ျားတော်တော်များများက ပေါ့ပေါ့တန်တန်ယူဆလာကြတော့ မိမိ အလိုမတူဘဲနဲ့ အတူတူအိပ်လိုက်ရတဲ့ကိစ္စတွေများလာပါတယ်။ ဒါကြောင့် ပုရိသတွေကို ထိုကိစ္စကိုသေချာနားလည်အောင်ရှင်းပြလျှင် စာရှည်သွားမှာဖြစ်သလို နားလည်အောင်ရှင်းပြလဲ နားမလည်တဲ့ သူတွေအတွက် အမျိုးသမီးတွေဘက်ကနေပြီးတော့ Nafisa Ahmed က ငတုံးတွေတောင်နားလည်နိုင်တဲ့ နည်းလမ်းနဲ့ဥပမာပေးပြီး လူမှုကွန်ရက်ဖြစ်တဲ့ twitter ပေါ်မှာ ရှင်းပြလိုက်တဲ့ အခါ သူမရဲ့ အရေးအသား ကောင်းမွန်လွန်းလို့ လူတော်တော်များများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

သူမ ကတော့.......

'အဓမ္မကျင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို တစ်ချို့ယောက်ျားတွေက နားလည်သဘောမပေါက်ဘူးဆိုရင် ဒီလိုရှင်းပြလိုက်ပါ...'

'ရှင်က ကျွန်မကို ပိုက်ဆံ ၅၀၀၀ ပေးဖို့တောင်းတယ်။ ဒါပေမယ့် ကျွန်မက အရမ်းမူးနေတော့ ရှင့်ကို ပေးမယ်၊မပေးဘူးလို့ မပြောနိုင်တဲ့အချိန်မှာ ကျွန်မက မပေးဘူး လို့မပြောတာနဲ့ ကျွန်မပိုက်ဆံအိတ်ထဲကနေ ရှင် ပိုက်ဆံ ၅၀၀၀ ယူလို့မရဘူး။'

'ကျွန်မခေါင်းကို ရှင်က သေနတ်နဲ့ ချိန်ပြီးတော့ ပိုက်ဆံ ၅၀၀၀ တောင်းလို့ ကျွန်မကရှင့်ကို ကြောက်ပြီး ၅၀၀၀ ပေးလိုက်လဲ ရှင်ပိုက်ဆံ ၅၀၀၀ ခိုးတာပဲ။'

'ရှင့်ကို ကျွန်မက ၅၀၀၀ ချေးလိုက်တာကို ရှင်က ရှင့်သူငယ်ချင်းအတွက်ပါ ကျွန်မပိုက်ဆံအိတ်ထဲက ၅၀၀၀ ထပ်ထုတ်ပေးနိုင်ခွင့်မရှိဘူး။'

'ရှင် ပိုက်ဆံ ၅၀၀၀ ခိုးခဲ့တာကို တရားရုံးမှာ ကျွန်မသက်သေ မပြနိုင်တာနဲ့ ရှင်ကျွန်မဆီ ကမခိုးဘူးလို့ပြောလို့မရဘူး။'

'ကျွန်မက ရှင်ကို အရင်တုန်းက ၅၀၀၀ ချေးဘူးတာနဲ့ရှင့်ကို အနာဂတ်မှာ ၅၀၀၀ ထပ်ပြီးချေးမယ်လို့ မဆိုလိုဘူး။'

'ရှင်အပေါ်က အကြောင်းအရာတွေအားလုံးကို သဘောပေါက်ရင် ဘာလို့ အဓမ္မကျင့်တာရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်နိုင်တာလဲ?'

'ကောင်းပြီ ယောက်ျားတစ်ယောက်က 'ဒါပေမယ့် ကောင်မလေးက သူ့ပေါင်ပေါ်မှာထိုင်ပြီး သူ့အိမ်ကို ကိုယ်တိုင်လိုက်လာတာလေ' ဆိုရင်တော့ ကျွန်မရဲ့ ပိုက်ဆံအိတ်ကို ရှင့်ကို ခဏကိုင်ခိုင်းလိုက်တာနဲ့ အဲ့ဒီအိတ်ထဲက ပိုက်ဆံတွေကို ရှင်ယူလို့ရရောလား လို့ပြန်မေးချင်ပါတယ်။'

လို့ကျစ်ကျစ်လစ်လစ်နဲ့ ရှင်းပြသွားပါတယ်။

ကဲ ဘာကိုဆိုလိုချင်တာလဲ သဘောပေါက်ပြီလား?

translated by Anna

Source: distractify

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။