ချစ်ပရ​ိသတ်ကြီးရေ MRTV-4ဇာတ်လမ်းတွဲများကို ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားလာခဲ့တဲ့ သူလေးကတော့ မင်းသမီးချောလေး ခေးဆက်သွင် ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး မြန်မာဆန်တဲ့အလှမျိုးလေးပိုင်ဆိုင်ထားတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တို့ရဲ့ အသည်းစွဲ မင်းသမီးလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။

Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account

ခေးဆက်သွင်က ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှင်းဆီဇာတ်လမ်းတွဲဖြင့် ပရိတ်သတ် အားပေးချစ်ခင်မှု အပြည့်အ၀ရရှိခဲ့ပြီး သူမကို နှင်းဆီ လို့ပင် ချစ်စနိုးခေါ်ကြပါသေးတယ်နော်။ လတ်တလောမှာတော့ မင်းသမီးချောလေး ခေးဆက်သွင် က သူမရဲ့ ကျရောက်တဲ့မွေးနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာပဲ ဖြစ်ပါတယ်။

Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account

ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေအပြင် " မွေးနေ့အမှတ်တရလေးပါ ဘယ်မှာဘယ်လောက်လှူပါတယ်လို့ ဒီနောက်ပိုင်း သိပ်မပြောဖြစ်တော့လို့ ပြုခဲ့သမျှ ကောင်းမှုအစုစုကို အမျှပေးဝေပါတယ် တစ်နိုင်ငံလုံး အန္တရာယ်ကင်းဘေးရန်ရှင်းကြပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။သူမရဲ့ မွေးနေ့အလှူပြုရင်းဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account

Source & Photo credit - Khay Sett Thwin's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။