မော်ဒယ်စူးရှထက်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုအနေနဲ့ ဖိတ်ကြားခံရတဲ့ ပွဲတွေကိုလည်း တတ်ရောက်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပုရိသတွေကြွေလောက်စရာကောင်းတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို အားပေးတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ 

photo credit : Zar Chi 's facebook account
photo credit : Zar Chi 's facebook account

သူမကတော့ အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ လှူဒါန်းတတ်သူဖြစ်ပြီး သူမကိုယ်တိုင်ရှာထားတဲ့ ငွေနဲ့ အမှန်တကယ်လိုအပ်နေတဲ့လူတွေဆီကို သွားရောက်ကာ လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းလေ့ရှိပါတယ်။သူမကတော့ ယခုမှာ ဟင်းချက်ရောင်းလို့ ရတဲ့ အမြတ်ငွေလေးနဲ့ ငါးသေတ္တာ ဆန် Mask များကို မရှိဆင်းရဲသားတွေဆီ သူမကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။

photo credit : Zar Chi 's facebook account
photo credit : Zar Chi 's facebook account
photo credit : Zar Chi 's facebook account

သူမကတော့ " ဟင်းချက်ရောင်းလို့ ရတဲ့ အမြတ်လေးနဲ့ဆိုင်မှာရောင်းတာလေး ကိုယ်တိုင်ချက်ထားတာတဲ့ပုဇွန်ငံပြာရည်ကြော် ငါးသေတ္တာ ဆန် Mask များ တတ်နိုင်သလောက် အလှူလေးလုပ်ဖြစ်တယ်ဝယ်ယူအားပေးကြသော Customers များသာဓု အကြိမ်ကြိမ်ခေါ်ဆိုနိုင်ကြပါစေ "ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စူးရှထက်ရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

source: Zar Chi 's facebook account

photo credit : Zar Chi 's facebook account
photo credit : Zar Chi 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။