ပရိတ်သတ်ကြီးရေ..... တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်သော်လည်း ပရဟိတအလုပ်တွေကို ကိုယ်တိုင်ပါ၀င်လုပ်ဆောင်နေပြီး စေတနာသဒ္ဒါတရားထက်သန်တဲ့မော်ဒယ်လ်မင်းသမီးလေး သဇင်ဦးကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာကျစ်လျစ်လှပပြီးဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အမိုက်စားလေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေရဲ့၀န်းရံမှုအပြည့်အ၀ရရှိထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Photo credit-Ei Sapal Phyu's Facebook acc
Photo credit-Ei Sapal Phyu's Facebook acc

သဇင်ဦးဟာ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများ photo shootingများရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ သူမဟာအနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိတာမကြာသေးပေမယ့်လည်း ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိနေပြီဖြစ်တဲ့သူတစ်ဦးဆိုလည်းမမှားပါဘူးနော်။

Photo credit-Ei Sapal Phyu's Facebook acc
Photo credit-Ei Sapal Phyu's Facebook acc

သဇင်ဦးဟာ သူမရဲ့တစ်နေ့တာလှုပ်ရှားမှုပုံရိပ်လေးများကို social networkတွင်တင်ပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် "မနက်ဖြန်လှူဖို့အတွက်ကိုယ်တိုင်လုပ်နေပါတယ်ရှင့် အလှူရှင်တွေလဲကျေနပ်မိမယ်လို့မျှော်လင့်ပါတယ်" ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိတ်သတ်တွေအတွက် သဇင်ဦးရဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ei Sapal Phyu's Facebook acc
Photo credit-Ei Sapal Phyu's Facebook acc

Source-Ei Sapal Phyu's Facebook acc

Photo credit-Ei Sapal Phyu's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။