မင်းသမီးချော စန္ဒီမြင့်လွင်ကတော့ ချစ်ခင်ပွန်း၊သမီးလေးတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ကတော့ ကလေးမေမေဖြစ်ပေမယ့် အခုထိလှနေဆဲ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က အလုပ်တွေတစ်ဖက်နဲ့ သမီးလေးကို ပြုစုစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Acc
Photo Credit-Sandy Myint Lwin's FB Acc
Photo Credit-Sandy Myint Lwin's FB Acc

အခုတော့ စန္ဒီမြင့်လွင်က အိမ်မှာပဲမိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က အိမ်မှာနေရင်း သူမတို့မိသားစုရဲ့အပျော်လေးတွေကို လူမှုကွန်ယက်ကတစ်ဆင့် အမြဲတမ်းမျှဝေပေးနေတာလည်းဖြစ်ပါတယ် ။ အခုလည်း စန္ဒီမြင့်လွင်က ခင်ပွန်းနဲ့သမီးလေးရဲ့ကြည်နူးစရာဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Acc
Photo Credit-Sandy Myint Lwin's FB Acc
Photo Credit-Sandy Myint Lwin's FB Acc

လေ့ကျင့်ခန်းလုပ်ရင်း သမီးလေးကိုအာဘွားတွေပေးနေတဲ့ ချစ်ခင်ပွန်းကို စန္ဒီမြင့်လွင်က ဗီဒီယိုလေးရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ် ။ ပါးဖောင်းဖောင်းလေးတွေနဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက သူ့ဖေဖေကို မျက်လုံးအဝိုင်းသားလေးတွေနဲ့ ကြည့်နေတာကလည်း အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Treasure လေးတို့သားအဖရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Sandy Myint Lwin's IG Acc

Photo Credit-Sandy Myint Lwin's IG Acc
Photo Credit-Sandy Myint Lwin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။