ပရိသတ်ကြီးရေ သရုပ်ဆောင်စမိုင်းလ်ကလည်း ပရိသတ်တွေရဲ့မေတ္တာကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာမျိုးရိုးကဆင်းသက်လာတာကြောင့် သူမငယ်စဉ်အရွယ်ကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကြားကာလမှာတော့ အနုပညာအလုပ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပြီး နိုင်ငံရပ်ခြားမှာအခြေချခဲ့ကြပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုလေးနဲ့အတူ မြန်မာပြည်မှာနေထိုင်ရင်း အလှူအတန်းတွေများစွာလုပ်ဆောင်နေကြတဲ့မိသားစုလေးပါနော်။စိတ်သဘောထားလည်းဖြူစင်ပြည့်ဝကြလို့ ပရိသတ်တွေကလည်းအရမ်းချစ်ခင်လေးစားကြပြီး သူတို့မိသားစုလေးရဲ့ အပျော်ပုံရိပ်လေးတွေကို စောင့်ကြည့်ကာ အပျော်တွေကူးစက်နေရတာပဲဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးကတော့ အေးအေးချမ်းချမ်းနဲ့နေထိုင်ကြလို့ လူချစ်လူခင်ပေါများကြပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး ဇနီးနဲ့သမီးတွေအပေါ်ကို လိုလေသေးမရှိအောင်ထားပေးပါတယ်နော်။ချစ်ဇနီးချောလေးကိုလည်း အမြဲတမ်းပျော်ရွှင်အောင်ထားပေးတာကြောင့် အခုဆိုရင်လည်းစမိုင်းလ်ရဲ့မျက်နှာလှလှလေးကို မိတ်ကပ်တွေပြင်ဆင်ခြယ်သပေးနေတာပဲဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

Source&Photo Credit:စမိုင်းလ် Smile's Facebook page

Video Credit:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။