မင်းသမီးချောလေးသွန်းဆက်ကတော့ အနုပညာလောကမှာနေရာတစ်ခုကိုရယူထားနိုင်သူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသလို ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ လူမှုကွန်ယက်ထက်ကို ချစ်စရာပုံရိပ်လေးတွေ တင်ပေးလေ့ရှိသူလေးပဲဖြစ်ပါတယ်။ 

photo credit :thun sett ' s facebook account
photo credit :thun sett ' s facebook account

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားနိုင်တဲ့ သူမကတော့ အမြဲပြုံးပျော်ရွှင်စွာပြောဆိုနေထိုင်တတ်သူလေးဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နေတဲ့  သူမကတော့ ယခုတွင် လိုအပ်တဲ့နေရာလေးတွေမှာ တတ်နိုင်သလောက် သွားရောက်လှူဒါန်း ခွင့်ရလို့ ဝမ်းသာပီတိဖြာနေခဲ့ပြီး လှူဒါန်းနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ 

photo credit :thun sett ' s facebook account
photo credit :thun sett ' s facebook account

သူမကတော့ " သွန်းဆက် နှင့်အတူ အမ တွေရယ် အမ မိတ်ဆွေသူငယ်ချင်းတွေ နှင့် စုပေါင်းပီး ( လိုအပ်တဲ့နေရာလေးတွေမှာ ) နိုင်သလောက် သွားရောက် လှူဒါန်း ကုသိုလ်ပြုပါတယ်ရှင် လှူဒါန်း ခွင့်ရတဲ့အချိန်မှာ ပါဝင်ကူညီလှူဒါန်းခွင့်ရလို့ အရမ်းကို ကြည်နူးဝမ်းသာမိပါတယ်ရှင် " ဆိုပြီးလူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သွန်းဆက်ရဲ့ အလှူအတန်းပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source :thun sett ' s facebook account 

photo credit :thun sett ' s facebook account
photo credit :thun sett ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။