ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ အချိုးအစားပြေပြစ်ညီညာလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ကချင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ စူပါမော်ဒယ်လ် J naw ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် ခန္ဓာကိုယ်အလှကို အထင်သားပေါ်လွင်စေတဲ့ ဖက်ရှင်အလန်းစား အင်္ကျီလေးတွေကို အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပဲ ဖြစ်ပါတယ်။ ပုရိသတွေရဲ့ ဝန်းရံအားပေးမှုကိုအများဆုံးရရှိထားပြီး သူမရဲ့ပုံရိပ်အလှတွေကို ဆိုရှယ်မီဒီယာ ပေါ်တွင်အများဆုံးထုတ်ဖော်ပြသလေ့ရှိတာပဲ ဖြစ်ပါတယ်။

Photo credit - Maria J Naw's fb account
Photo credit - Maria J Naw's fb account

J naw ရဲ့ အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ဖြစ်တာဖြစ်ပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေလည်း လက်ခံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူပီပီ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုအမူလေးတွေ၊အပြောအဆိုလေးတွေနဲ့ ဆက်ဆံမှုတွေကြောင့်လည်း ပရိသတ်တွေကတစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် သူမက ပွဲအခမ်းအနားတွေက ဖိတ်ခေါ်ခြင်းခံရတဲ့ မြန်မာနိုင်ငံရှိ ထိပ်တန်းမော်လ်ဒယ်တစ်ဦးထဲက အပါအဝင်ဖြစ်ပါတယ်။

Photo credit - Maria J Naw's fb account

အခုလက်ရှိမှာလည်း သူမက ရိုးရှင်းတဲ့ ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာပဲဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေအပြင် " နိုင်ငံတော်က ခု မှ LockDown ချ မယ် လုပ်နေတာ နော နှလုံးသားက လော့ ဒေါင်းးချ ထားတာ ဖြင့်ကြာပေါ့ ရှိနေတဲ့ သူလဲ ပေးမထွက် ဘူး နောက်ထပ် လဲ ဘယ်သူ့မှ အဝင် မခံ တော့ဘူး " ဆိုတဲ့ စာသားလေးကိုလည်းရေးသားထားတာကြောင့်ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Maria J Naw's fb account

Source & Photo credit - Maria J Naw's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။