ချစ်ပရိသတ်ကြီးရေ ညှို့အားပြင်းလွန်းတဲ့ စူးရှတဲ့ အကြည့်တွေကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိထားတဲ့ သူလေးကတော့ မော်ဒယ် M ဆိုင်းလုပဲ ဖြစ်ပါတယ်။

သူမဟာ အချိုးအစားပြေပြစ်လှပလွန်းပြီး သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးချင်းတောင် ငေးမော အားကျနေရတာလည်း ဖြစ်ပါတယ်။

Photo credit - M SENG LU's fb account
Photo credit - M SENG LU's fb account

သူမက လတ်တလောမှာ Covid19 ရောဂါပိုးတွေကြောင့် နေအိမ်မှာဘဲ မိသားစုနဲ့အတူ နေထိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပေမယ့် သူမရဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မှာနေရင်း အပျင်းပြေ ရိုက်ကူးထားတဲ့ ဟာသ Tik tokလေးတွေကိုလည်း တင်ပေးလေ့ရှိတာကြောင့် သူမရဲ့ ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်.....။

Photo credit - M SENG LU's fb account
Photo credit - M SENG LU's fb account

M ဆိုင်းလုက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " မှောင်လေ ပိုလှလေဘဲ " ဆိုတဲ့ စာသားလေးနဲ့အတူ စတိုင်ကျကျဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း M ဆိုင်းလုရဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - M SENG LU's fb account
Photo credit - M SENG LU's fb account

Source & Photo credit - M SENG LU's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။