ပရိတ်သတ်ကြီးရေ..... မော်ဒယ်တစ်ယောက်အနေနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာပြီး ပရဟိတအလုပ်တွေမှာလည်း အားတက်သရောလုပ်ဆောင်တတ်တဲ့ ထားထက်ထက်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာငယ်စဉ်ဘ၀က ကျွမ်းဘားမယ်တစ်ယောက်အနေနဲ့ ထူးချွန်သူတစ်ဦးလည်းဖြစ်ပြီး ယခုဆိုရင်အောင်မြင်တဲ့မော်ဒယ်လ်တစ်ယောက်အပြင် အစီအစဉ်တင်ဆက်သူအနေနဲ့ပါလုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo credit-Hazel Hnin Wai
Photo credit-Hazel Hnin Wai

ထားထက်ထက်ဟာ ပရဟိတအလုပ်တွေကိုအမြဲလိုလို ပါ၀င်လုပ်ဆောင်လေ့ရှိပြီး နယ်ဘက်တွေအထိပါသွားရောက်လုပ်ကိုင်လေ့ရှိသူတစ်ယောက်ပါ။ ယခုလည်း သူမရဲ့ Facebookစာမျက်နှာတွင် "ဒီကပ်ဆိုးကြီးပြီးတဲ့အချိန်မှ ဘာတွေလုပ်မယ်ဆိုပြီး စဉ်းစားတာထက် အခုဒီလိုဖြစ်နေတဲ့အချိန်မှာ ပိုလုပ်သင့်တာက ကိုယ်ချစ်တဲ့သူတွေကို ပိုချစ်မယ် စိတ်ဆိုးနေတဲ့သူကို ချော့လိုက်မယ် ဝမ်းနည်းနေတဲ့သူကို ပျော်ရွှင်စေမယ် ပျော်နေတဲ့သူကို ပိုပျော်အောင်လုပ်မယ် လူချင်းမနီးရင်တောင် စိတ်ချင်းနီးနေကြမယ် ပြသနာတွေကို မေ့လိုက်မယ် မဆက်သွယ်ဖြစ်တဲ့ သူကိုဖုန်းလေးဆက်လိုက်မယ်။

Photo credit-Hazel Hnin Wai
Photo credit-Hazel Hnin Wai

Lock down လုပ်တဲ့ချိန် မတွေ့ဖြစ်ကြရင်တောင် ဖုန်းအဆက်အသွယ်လေးတွေ Video Call လေးတွေပြောကြမယ် တခုခုသာ ဖြစ်သွားခဲ့ချိန် နောက်မှ နောင်တမရစေချင်ဘူး အခုပဲ မလိုအပ်တဲ့ မာနတွေ သိက္ခာတွေ ကြောက်ရွံ့မှုတွေ ဘေးဖယ်ထားပြီး ကိုယ်ချစ်တဲ့သူကို ဖုန်းလေးနဲ့ဖြစ်ဖြစ် Video Call လေးဖြစ်ဖြစ်ခေါ်ပြီး ချစ်ကြောင်း ပြောလိုက်ပါ ဒီစာဖတ်နေရင်း ကိုယ်စိတ်ထဲပေါ်လာတဲ့ မြင်လာတဲ့သူတွေကို အခုချက်ချင်း ဖုန်းလေးခေါ်ပြီး ကိုယ်သတိရကြောင်း သိပ်ချစ်ကြောင်းသာ လှမ်းပြောလိုက်ပါ"ဆိုပြီး ရေးသားထားပါတယ်။ ပရိတ်သတ်ကြီးအတွက်ထားထက်ထက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Hazel Hnin Wai
Photo credit-Hazel Hnin Wai

Source-Htar Htet Htet's Facebook acc

Photo credit-Hazel Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။