ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ ထူးခြားဆန်းပြားနေရာတွေထဲကမှ တစ်ခုဖြစ်တဲ့ "caged grave" ဆိုတဲ့ ခြောက်ခြားဖွယ် အုတ်ဂူ သင်္ချိုင်းအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ထိုနေရာကြီးဟာ စူးစမ်းချင်ဖွယ် ထူးဆန်းနေတာကြောင့် ဆေးကျောင်းသားတွေ၊ သူခိုးတွေ ရန်က ကာကွယ်နိုင်ရန် အလောင်းမြှုပ်ထားတဲ့ နေရာကို သံတိုင်များနှင့် ကာကွယ် ထားရတာ ဖြစ်ပါတယ်။

photo credit သံ ဇဉ် မိုးဇတ်

ဘာကြောင့်အဲ့လို ကာကွယ်ထားရသလဲဆိုတာကို ပြောပြပေးသွားပါ့မယ်။ တည်နေရာကတော့အမေရိကန်နိုင်ငံ "Catawissa" မှာ ရှိတာပါ။ ဒေသခံတွေရဲ့ ပြောပုံအရ ထိုမြေပုံပေါ်မှာ သေဆုံးခဲ့သူက အမျိုးသမီးငယ်တစ်ယောက် ဖြစ်ပါတယ်။ Vampire (ဖုတ်ကောင်) သို့မဟုတ် Werewolf (သမန်းဝံပုလွေ) ဖြစ်တယ်လို့ ပါးစပ်ပြော ယုံတမ်းစကားများ ရှိခဲ့ပါတယ်။ ဆယ်ကျော်သက် ညီအမ နှစ်ယောက်ရဲ့ ပြောပုံအရတော့ သူတို့ ဘယ်သွားသွား ဘယ်မှာနေနေ လူ့အရိုးကျိုးသံတွေက သူတို့ နားထဲမှာ ကြားနေရကြောင်း မိဘတွေကို ပြောကြားခဲ့ပါတယ်။

photo credit pngtree

အဲ့ဒါနဲ့ မိဘတွေကလည်း အိမ်အနံှအပြားမှာ လိုက်ရှာရင်း သူတို့ အိမ်ရဲ့ မြေအောက် ခန်းထဲမှာ လူတစ်ယောက် တစ်ကိုယ်လုံး အရိုးတွေကျိုးပြီး သေဆုံးထားတာကို တွေ့ခဲ့ရပါတယ်။ သိပ်မကြာမီအတွင်းမှာပဲ သူတို့ ညီအမဟာ အခန်းထဲမှာရှိနေစဉ် ဒူးခေါင်းရိုး၊ လည်ပင်းရိုး၊ လက်ဖျံရိုး တွေ ကျိုးပြီး ထူဆန်းစွာ သေဆုံးနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားတဲ့ ဆရာဝန်ပေါက်စ ဆေးကျောင်းသားတွေဟာ "သေဆုံးခဲ့တဲ့ ညီအမနှစ်ယောက်ဟာ Vampire လား တကယ်ပဲ အရိုးတွေ ကျိုးပြီး ထူဆန်းစွာ သေဆုံးခဲ့တာလားဆိုတာ"ကို သိချင်တာကြောင့် ထိုအလောင်းတွေကို တူးယူ ပြီး သုတေသနလုပ်ကာ ရာဇဝတ်မှု ကျူးလွန်တာမျိုးတွေ ရှိတာကြောင့် ထပ်မံ မဖြစ်ပွားစေရန် သံတိုင်များဖြင့် ကာထားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆချက်လေးတွေကို ပြောပြပေးသွားပါဦးနော်။

source သံ ဇဉ် မိုးဇတ်

photo credit pngtree 

photo credit သံ ဇဉ် မိုးဇတ်

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။