ပရိသတ်ကြီးရေ အကယ်ဒမီ နေတိုးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ကနေ နေရာတစ်ခုကို အခိုင်မာရပ်တည်နေပြီး စွယ်စုံရမင်းသားချောလေးပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာလည်း ထိမ်းတန်းမင်းသားတွေထဲကမှ တစ်ယောက်အပါဝင်ဖြစ်ပြီး ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှတွေက ချစ်ခင်အားကျရတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။ နေတိုးဟာ အနုပညာလုပ်ငန်းများကို အဆက်မပြတ်လုပ်ဆောင်နေပြီးပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit - Nay Toe

ဒါ့အပြင် တည်ကြည်ခန့်ညားမှုအပြည့်ရှိပြီး နှုမ်းခမ်းနီမလေးတွေရဲ့ အသည်းကျော်ဆိုရင်လည်း မမှားပါဘူးနော် ။ ယခုမှာဆိုရင်လည်း ချစ်တဲ့ပရိသတ်တွေ အလွမ်းပြေဖြစ်အောင် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ဆွဲဆောင်မှုရှိရှိ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေထဲမှာလည်း နေတိုးဟာ တည်ကြည်ခန့်ညားနေပြီး ယောကျာ်းပီသနေတဲ့ နှုတ်ခမ်းမွှေးလေးကလည်း ထင်မြင်ပေါ်လွင်နေပါတယ်နော်...။

Photo Credit - Nay Toe

ဒီပုံလေးတွေနဲ့လည်း နေတိုးက " အိမ်မှာနေပေးခြင်းဖြင့် covid 19 ကိုတွန်းလှန်ပါ...အိမ်မှာနေပါပျော်အောင်လဲနေကြပါခင်ဗျာ " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ရောဂါကပ်ဆိုးကြီးကနေ ကင်းလွတ်နိုင်ပါစေနော်...။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အချစ်တော်လေး နေတိုးရဲ့ တည်ကြည်ခန့်ညားနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်းဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Toe

Photo Credit - Nay Toe

Source- Nay Toe Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။