သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။သူမဟာ ယနေ့ချိန်ထိ ကလေးနှစ်ယောက် အမေလို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေဆဲပါ။ ကလေးနှစ်ယောက်ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရုံသာမကဘဲ ဇနီးကောင်းတစ်ယောက်ရဲ့ ဝတ္တရားကိုလည်း ကျေပွန်မှုတို့ကြောင့် အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account

သဉ္ဇာကိုသာမကဘဲ သူမရဲ့ သားနဲ့သမီးကိုလည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သဉ္ဇာဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သားနဲ့ သမီးရဲ့ လှုပ်ရှားမှု ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေကို အမြဲဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သားလေး Peach Lay ရဲ့ ဗီဒီယိုလေး တစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account

ဒါကတော့ ညည့်နက်တဲ့မအိပ်သေးဘဲကုတင်ပေါ်ကတိုင်ကိုတက်ကာဆော့ကစားနေတဲ့ သဉ္ဇာနွယ်ဝင်းသား Peach Layရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သဉ္ဇာကတော့ " မန်းကီးလေးမအိပ်သေးဘူး" ဆိုပြီး ချစ်စဖွယ် ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် Peach Lay ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Thinzar Nwe Win’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။