ပရိသတ်ကြီးရေ အချစ်တော်လေး ခင်လေးနွယ် ကတော့ အမြဲပျော်ပျော်ရွှင်ရွှင် နေတက်သလို သူတစ်ပါးပေါ်မှာလည်း ကူညီတက်ပြီး စိတ်သဘောထား ပြည့်ဝတဲ့သူလေးပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုအပြင် အနုပညာရှင်မောင်နှမတွေရဲ့ ချစ်ခင်မှုတွေရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ သူမဟာ တိုင်းရင်းသူးလေးဖြစ်တာကြောင့် စကားပြောရင်လည်းပွင့်ပွင့်လင်းလင်း ပြောတက်တာကိုလည်းတွေရပါတယ်။

Photo Credit - Khin Lay Nwe
Photo Credit - Khin Lay Nwe

ယခုမှာဆိုရင်လည်း ချစ်တဲ့ပရိသတ်တွေ အိမ်မှာနေရင်း အလွမ်းပြေ ဖြစ်အောင် ချစ်စရာအမူရာလေးတွေနဲ့ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း မြင်သူတိုင်းရင်ခုန်သွားစေလောက်မယ့် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေက ညို့အားပြင်းပြင်းဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ရိုးရှင်းပြီး အမြင်အေးစေတဲ့ ဒီပုံရိပ်လေးတွေကို ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိစေမှာအမှန်ပါနော်..။

Photo Credit - Khin Lay Nwe
Photo Credit - Khin Lay Nwe

ဒီပုံလေးတွေနဲ့လည်း မင်းသမီးချောလေး ခင်လေးနွယ် က "သတင်းကောင်းလေး ကြားရလို့ စိတ်ချမ်းသာနေတာ..ဒါပေမယ့် မပေါ့ကြနဲ့နော် .... အရင်ကထက်ပို ဂရုစိုက်ဖို့လိုပါတယ်....မလိုအပ်ပဲ အပြင်မထွက်နဲ့ လက်ဆေးပါ.....Maskတပ်ပါ.....ကျန်းမာအောင်နေပါ....ဝိတ်မလျှော့ပါနဲ့ ကျမလို မနက် ည ထမင်းစားကြပါ...အဲ့ဒါမှ အားလုံးတူတူဝကြမယ်လေးနော်..." ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။

Photo Credit - Khin Lay Nwe

Source- Khin Lay Nwe Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။