မင်းသမီးချော ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်ထားလေးကလည်း နူးညံ့ဖြူစင်နေတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးကို သူမရဲ့အပြုအမူ၊အပြောအဆိုတွေကတစ်ဆင့် ဟန်ဆောင်မှုကင်းပြီး မာန်မာနမရှိတဲ့သူလေးဖြစ်ကြောင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ် ။ ဖြူဖြူထွေးက မိဘနှစ်ပါးကို ရိုးရိုးသားသားလုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ် ။

Photo Credit- Amazing Grace
Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc

ဒါ့အပြင် ဖြူဖြူထွေးက ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မကြာခဏအလှူလုပ်လေ့ရှိတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက လမ်းပေါ်မှာ ဝမ်းရေးအတွက် ရှာဖွေနေတဲ့သူတွေဆီကို သွားရောက်ပြီး ဆန်တွေ၊ ငွေကြေးတွေ လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက လူတိုင်းကိုရင်းရင်းနှီးနှီးစကားတွေပြောရင်း ကိုယ်တိုင် Mask တွေပါတပ်ပေးနေတာလည်း ဖြစ်ပါတယ် ။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc

ဒီဗီဒီယိုလေးကိုတော့ ဖြူဖြူထွေးက "ဒီနေ့ YSG ပရဟိတအသင်းနဲ့ ဖြူဖြူထွေးဒို့အလှူလေး ဖြူဖြူစကားလေးအလေးထားဖို့ Mask လေး ချွတ်ပြောမိတယ်" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးကတော့ အားလုံးကိုပါ အပျော်တွေကူးစက်အောင် ဖန်တီးပေးလေ့ရှိတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အလှူဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Phyu Phyu Htwe's FB Page

Photo Credit- Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။