လိုက်ဖက်ညီလွန်းလှတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတွေကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းတို့ဇနီးမောင်နှံ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ နှစ်ပေါင်းများစွာ တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ဖန်တီးတည်ဆောက်ထားကြသူတွေပဲ ဖြစ်ပါတယ်။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

ဒါ့အပြင် သမီးနှစ်ယောက်လုံးကိုလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ထားကြပြီး သမီးလေးတွေဟာလည်း အပြစ်ပြောစရာမလိုအောင် ပညာရေးမှာ ထူးချွန်ပြီး လိမ္မာရေးခြားရှိလွန်းတာကြောင့် ဇနီးမောင်နှံနှစ်ယောက်စလုံး ကြည်နူးပီတိ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့နှစ်ယောက်လုံးဟာ အိမ်ထဲမှာဘဲနေထိုင်ကာ ကျန်းမာရေးကောင်းမွန်အောင် Workout တွေ နေ့စဉ် ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

အခုမှာလည်း စမိုင်းလ်ရဲ့ Instagram လူမှုကွန်ယက်တွင် ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အနမ်းတွေဖလှယ်ရင်း ကြိုးစားပမ်းစားWorkoutတွေလုပ်နေကြတဲ့ စမိုင်းတို့ဇနီးမောင်နှံရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Smile’s Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။