ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးဟာ အချိန်အတိုတွင်း အနုပညာနယ်ပယ်မှာ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ အနုပညာလောကမှာ ပိုမိုအောင်မြင်မှုတွေနဲ့ အတူ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit - Chue Lay

အမြဲပျော်ပျော်ရွှင်ရွှင် နေတက်ပြီး ကလေးလေးတစ်ယောက်လိုလည်း လွတ်လပ်ပေါ့ပါးတဲ့မင်းသမီးချောလေးပါနော်...။ ယခုမှာဆိုရင်လည်း မင်းသမီးချောလေးခြူးလေးက ခပ်မိုက်မိုက် ပုံစံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း မြင်သူတကာ ကြွေလောက်စေမယ့် အကြည့်စူးစူးလေးတွေနဲ့ လှရက်လွန်းနေတဲ့ သူလေးပါနော်...။

Photo Credit - Chue Lay

လွတ်လပ်ပေါ့ပါးတဲ့ အမိုက်စားဖက်ရှင်ဝတ်စုံလေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုမိုပေါ်လွင်စေပါတယ်။ ချစ်စရာကောင်းလွန်းနေတဲ့ အချစ်တော်လေး ခြုးလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးက အသည်းလေးတွေပေးလိုက်ပါဦးနော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ တစ်မျိုးလေးလှသွေးကြွယ်နေပြီး ဆွဲဆောင်မှုရှိတဲ့ ခြူးလေးရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Chue Lay

Photo Credit - Chue Lay

Source- Chue Lay Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။