အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ အနုပညာသက်တမ်းကလည်းကြာမြင့်နေပြီဖြစ်တာကြောင့် သူမရဲ့အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာပါတယ်နော်။ပရိသတ်တွေကလည်း အေးမြတ်သူရဲ့သရုပ်ဆောင်၊အိုင်တင်တွေကို ချီးကျူးကြပြီး အမြဲတမ်းအားပေးကြည့်ရှု့နေကြတာပဲဖြစ်ပါတယ်။အေးမြတ်သူကတော့ ပရိသတ်တွေရဲ့အားပေးမှုအများအပြားကို ရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Instagram account

အေးမြတ်သူက စိတ်ထားလေးလည်းဖြူစင်ပြီး မာန်မာနကင်းမဲ့တာကြောင့် လူချစ်လူခင်ပေါများပါတယ်နော်။သူမကလည်း လူတန်းစားခွဲခြားတတ်တဲ့စိတ်မရှိတာကြောင့် သူမနေထိုင်ရာရပ်ကွက်မှာဆိုရင်လည်း စတုဒီသာတွေမကြာခဏကျွေးပြီး အေးမြတ်သူကလည်း အိမ်နီးချင်းတွေနဲ့အတူ လက်ရည်တစ်ပြင်တည်းစားတဲ့ ချစ်စရာမင်းသမီးလေးဖြစ်ပါတယ်။ပရိသတ်တွေကတော့ အေးမြတ်သူရဲ့စိတ်ထားလေးကိုချီးကျူးကြပြီး ပိုပိုချစ်နေရတာပါနော်။

Photo Credit:Aye Myat Thu's Instagram account
Photo Credit:Aye Myat Thu's Instagram account

အခုဆိုရင်လည်း တစ်ကမ္ဘာလုံးကိုခြောက်လှန့်နေတဲ့ Covid19ကူးစက်ရောဂါကို မြန်မာပြည်ကလည်းကာကွယ်နေကြတဲ့အချိန်မှာ အနုပညာရှင်တွေလည်း တတ်အားသ၍ဝိုင်းဝန်းပါဝင်ကြပါတယ်။အေးမြတ်သူကလည်း နွမ်းပါးတဲ့ပြည်သူတွေကိုလှူဒါန်းဖို့အတွက် ကိုယ်တိုင်ကိုယ်ကျပြင်ဆင်နေပြီး ဆန်အိတ်တွေကိုလည်း ကိုယ်တိုင်ထမ်းနေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aye Myat Thu's Instagram account
Photo Credit:Aye Myat Thu's Instagram account
Photo Credit:Aye Myat Thu's Instagram account

Source&Photo Credit:Aye Myat Thu's Instagram account & Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။