အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်ရင်း အောင်မြင်မှုတွေ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ ခင်ပွန်း ၊သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ပန်ပန်ဟာ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခု ရိုက်ကူးပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Su Pan Htwar’s Facebook Account
Photo Credit- Su Pan Htwar’s Facebook Account
Photo Credit- Su Pan Htwar’s Facebook Account

သူမဟာ အားလပ်ချိန်တိုင်းကိုလည်း သားလေးနဲ့အတူ ဆော့ကစားကာ အချိန်ကုန်ဆုံးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ Roar Roar လေးကိုတော့ ပရိသတ်များသာမကဘဲ အနုပညာရှင်များကပါ ဝိုင်းချစ်နေကြတာလည်း ဖြစ်ပါတယ်။ ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှနေလည်း သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကို မကြာမကြာ တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit- Su Pan Htwar’s Facebook Account
Photo Credit- Su Pan Htwar’s Facebook Account
Photo Credit- Su Pan Htwar’s Facebook Account

အခုမှာလည်း ပန်ပန်တစ်ယောက် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် Live Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖေဖေငါးကန်ဆေးတာကို ဘေးကနေလိုက်ကူပေးရင်းပျော်ရွှင်နေတဲ့ ဆုပန်ထွာသားလေး Roar Roarရဲ့ Video လေးပဲ ဖြစ်ပါတယ်။ Roar Roar လေးဟာ ငါးကန်ထဲမှာ ပျော်ပျော်ရွှင်ရွှင်ရေကူးနေတာစာလည်း ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Su Pan Htwar’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။