ချစ်ပရိသတ်ကြီး ရေ သရုပ်ဆောင်မင်းသမီးချောလေး နန်းရွှေအေးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။

သူမက Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ မန္တလေးမြို့ရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

Photo credit - Nan Shwe Aye's FB account
Photo credit - Nan Shwe Aye's FB account

တိုင်းရင်းသူလေး ဖြစ်တဲ့ နန်းရွှေအေးက ပွင့်လင်းရိုးသားပြီး လူအများအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတက်တာကြောင့် သူမရဲ့ ချစ် ပရိသတ်တွေသာမကပဲ အနုပညာရှင် ညီအကိုမောင်နှမ အချင်းချင်းကပါ အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ လတ်တလောမှာ သူမက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီးကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အိမ်မှာပဲ မိသားစုတွေနဲ့အတူ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's FB account

နန်းရွှေအေးက မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " ဒီနှစ်တော့ သင်္ကြန်သီချင်းလေး နားထောင်ပီး အိမ်ထဲမှာပဲ နေကြရမယ် ပေါ့ " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ့်လေးတွေကိုလည်း တင်ပေးလါတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပုံရိပ်လေးကို ကြည့်ပြီး အချစ်ပိုမိမှာ အသေအချာပဲမို့ ချစ်ပရိသတ်ကြီးကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။ 

Photo credit - Nan Shwe Aye's FB account

Source & Photo credit - Nan Shwe Aye's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။