တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား နာမည်ကြီးခဲ့သူကတော့ သရုပ်ဆောင် မင်းသားချောကြီး လွင်မိုးပဲ ဖြစ်ပါတယ်။ လွင်မိုးဟာ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်တော့ဘဲ စီးပွားရေးဘက်ကိုသာ ဇောက်ချ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account

လွင်မိုးဟာ အားလပ်ချိန်တွေကိုလည်း မြေးဖြစ်သူ Liam လေးနဲ့အတူ ဆော့ကစားကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကုန်ဆုံးတတ်တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ မိသားစုဘဝလေးကို ကြည်နူးအားကျနေကြတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account

ဒါကတော့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့လီလီပန်းတွေကိုဘုရားမှာ ကိုယ်တိုင်ကိုယ်ကျကပ်လှူပူဇော်နေတဲ့ မင်းသားကြီးလွင်မိုးရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " အိမ်တွေကို...စပို့ပါပြီ....ဘုရားမှာပူဇော်ပြီ

ကုသိုလ်ကောင်းမှုများ...တိုးပွားကြပါစေ" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Lwin Moe’s Facebook Account 

Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။