ပရိသတ်ကြီးရေ ယုန်လေး ကတော့ ဂီတအနုပညာရှင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာနယ်ပယ်မှာ နေရာတစ်ခုကိုရပ်တည်ထားနိုင်ခဲ့ပြီလည်ဖြစ်ပါတယ်။ သူသီဆိုခဲ့တဲ့ သီချင်းတွေကလည်း လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပြီး လူကြိုက်များခဲ့တဲ့ သီချင်းတွေပဲဖြစ်ခဲ့ပါတယ်။ ယုန်လေးဟာဆိုရင် အဆိုပိုင်းမှာသာထူးချွန်နေတာမဟုတ်ပဲ သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေကိုရယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit - Yone Lay
Photo Credit - Yone Lay

ဒါ့အပြင် ယုန်လေး ဟာ စိတ်သဘောထားပြည့်ဝသလို သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တာကြောင့် ပရိသတ်တွေအပြင်အနုပညာရှင်မောင်နှတွေက လေးစားချစ်ခင်ရတဲ့ သူပဲဖြစ်ပါတယ်။ လတ်တလော ကိုရိုနာ ရောဂါ တိုက်ဖျက်ရေး ကာလဖြစ်တာနဲ့အညီ လူစည်ကားတဲ့ နေရာတွေမှာ ခြောက်ကပ်ကပ်ဖြစ်နေတာကြောင့် ဝမ်းရေးအတွက် ခက်ခက်ခဲခဲနဲ့ လှည်းတန်းဦးထွန်းလင်းခြံလမ်းထဲမှာ ဈေးရောင်းနေတဲ့ အဘတစ်ယောက်ကို မနေ့ညက သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး တက်နိုင်သမျှ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Photo Credit - Yone Lay
Photo Credit - Yone Lay

ယုန်လေးရဲ့ မတည်ငွေ ၁ သိန်းနဲ့ အတူ ပါဝင်လှူဒါန်းပေးတဲ့ သူတွေကတော့ ရတနာမိုင် ၁ သိန်း ၊ ကိုနိုင်မောင်ဇော် ၂ သိန်း ၊ ကိုစိန်ထွေး Royal Hero ၁သိန်း စုစုပေါင်း ၅ သိန်းတိတိကို လှူဒါန်းခဲ့တာဖြသ်ပါတယ်။ ပဲနံပြား ရောင်းတဲ့ အဘကလည်း ယုန်လေးတို့ကို အပြန် ပဲနံပြာအကုန်ကျွေးလိုက်ပါသေးတယ်။ ယခုလိုကာလ အချိန်မျိုးမှာ အခက်ခဲစွာဖြင့် ဈေးရောင်းနေရတဲ့ အဘကို ကူညီလှူဒါန်းပေးတာဟာ တကယ့်ကို မွန်မြတ်ပြီး မင်္ဂလာရှိတာကြောင့် ချစ်ပရိသတ်ကြီးက ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်....။

Photo Credit - Yone Lay

Source- Yone Lay Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။