နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအချစ်တော်အုပ်စိုးခန့်တစ်ယောက်ကတော့ သူ့ရဲ့ချောမောလှတဲ့ရုပ်ရည်၊ စမတ်ကျလှတဲ့ဖက်ရှင်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းကို ရရှိထားသူပါ။ သူ့ရဲ့အသံချိုချိုလေးကလည်း ဆွဲဆောင်မှုတွေထဲက တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ အုပ်စိုးခန့်ဟာ “ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ” ဆိုတဲ့သီချင်းလေးမှတစ်ဆင့် ဂီတလမ်းကြောင်းကို စတင်ဝင်ရောက်လာသူပါ။

Photo Credit- Oak Soe Khant’s Facebook Account
Photo Credit- Oak Soe Khant’s Facebook Account
Photo Credit- Oak Soe Khant’s Facebook Account

အုပ်စိုးခန့်ဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ " အိမ်မက်တွေ မိုးထားတဲ့ အိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး ပြသလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Oak Soe Khant’s Facebook Account
Photo Credit- Oak Soe Khant’s Facebook Account

အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Tik Tok Video လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူငယ်ချင်း ဖြစ်သူ ဘုန်းမင်းနေလနဲ့ သင်္ကြန်သီချင်းလေးဖွင့်ကာ ကပြထားတဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အုပ်စိုးခန့်နဲ့ ဘုန်းမင်းနေလတို့ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Oaksoe Khant’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။