မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ နှစ်ပေါင်းများစွာကြာအောင် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင့်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ် ။ တစ်ချိန်က လူကြီးလူငယ်မရွေး နှစ်ခြိုက်အားပေးခြင်းခံခဲ့ရတဲ့ ထက်ထက်က ပြည်သူ့အချစ်တော်လေးဆိုရင်လည်း မမှားပါဘူးနော် ။ လက်ရှိမှာလည်း ထက်ထက်က သူမကိုချစ်တဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page

အခုတော့ ထက်ထက်က သူမရဲ့ဖခင်ရှိရာ မိုးကုတ်မြို့လေးက အိမ်လေးကိုပြန်လည်ရောက်ရှိနေတာ ဖြစ်ပါတယ် ။ အဖေ့ဆီကိုပြန်ရောက်တုန်းမှာ ထက်ထက်က အေးချမ်းသာယာလှတဲ့ မိုးကုတ်မြို့ရဲ့အလှနဲ့အတူ အေးအေးချမ်းချမ်းအနားယူနေတာလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ထက်ထက်က အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို ကိုယ်တိုင်ခေါင်းလျှော်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page

ထက်ထက်က "အဖေ့ကိုခေါင်းလျှော်ပေးနေတာ အဖေ့အသက် (85)နှစ် သမီးလာမှပဲအလျှော်ခံတာတဲ့ ဂျီးတွေများကြီးပဲသနားပါတယ်" ဆိုပြီး အဖေ့ကိုစိတ်ရှည်လက်ရှည်နဲ့ ခေါင်းလျှော်ပေးနေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပျော်ရွှင်နေတဲ့ ထက်ထက်တို့သားအဖရဲ့ပုံလေးတွေကတော့ ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဖေ့ကိုကိုယ်တိုင်ခေါင်းလျှော်ပေးနေတဲ့ သမီးလိမ္မာလေး ထက်ထက်မိုးဦးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit- Htet Htet Moe Oo's FB Page

Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page
Photo Credit- Htet Htet Moe Oo's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။