Mobile Legends ရဲ့ Mage ဖြစ်တဲ့ Pharsa ဟာဆိုရင်တော့ Rework ပြီးနောက်မှာ အရင်ကထက် ပိုမိုကြမ်းလာတာကို ပရိသတ်ကြီးအနည်းစုတော့ သိရှိကြမယ်ထင်ပါတယ်။ Pharsa Rework ဟာဆိုရင်လဲ သူ့ကိုကိုင်တဲ့ Player တွေအတွက်ရော အခြားသော Mage Player တွေအတွက်ပါ စိတ်ကျေနပ်စရာ Rework ဖြစ်ခဲ့ပါတယ်။ 

သူမရဲ့ Skill 1 နဲ့ 2 လေးသုံးလိုက်တာနဲ့ Late Game မှာ Marksman နဲ့ Mage တွေကို အသာလေး သွေးနုတ်လို့ရရပါတယ်။ Ultimate သာ Battle မှာ ကောင်းကောင်းလေး သုံးပေးတက်ရင် မနိုင်စရာကို မရှိပါဘူး။ သူမဟာ ခုလက်ရှိမှာ လူကိုင်နည်းနေပေမဲ့လဲ ပါလာမယ်ဆိုရင်တော့ ထိန်းမနိုင်လောက်အောင် ကြမ်းနေပါလိမ်မယ်။ 

Pro တွေသာ ကိုင်မယ်ဆိုရင်ပေါ့….အဲ့အပြင် သူမဟာ Early Game မှာ တစ်ဖက်က Solo ထိန်းနေတဲ့ Fighter တွေကို ကောင်းကောင်းကြီး နှိမ်လို့ရပါတယ်။ Aldous, Masha. X.Borg စတဲ့ Solo သွားရတဲ့ Hero တွေကို Early မှာ ကြောက်နေစရာမလိုပါဘူး။ Battle မှာသူပါရင်လဲ နိုင်ဖို့အခွင့်အရေးများတာမို့ Pharsa ကို နောက်ပိုင်း Player တော်တော်များများ အာရုံကျလာနိုင်ပါတယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။