အဆိုတော်သားငယ်ကတော့ Myanmar idolပြိုင်ပွဲကြီးနေစတင်ပေါ်ထွက်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး Myanmar idol (season-2)ရဲ့ Winnerဆုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သားငယ်ကတော့ အသံပါဝါကောင်းကောင်းနဲ့သီချင်းတွေကို သီဆိုတတ်ပြီး သီချင်အသစ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ ချပြထားသူတစ်ယောက်ဖြစ်ပါတယ်။ 

photo credit : thar nge ' s facebook page
photo credit : thar nge ' s facebook page

တစ်ကိုယ်တော်သီချင်းတွေလည်း ထွက်ရှိထားတဲ့ သားငယ်ကတော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကိုပိုမိုရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သားငယ်ကတော့ ယခုမှာချစ်စရာကောင်းတဲ့ ဇနီးချောလေးနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ကာ ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

photo credit : thar nge ' s facebook page
photo credit : thar nge ' s facebook page

ယခုမှာတော့ သားငယ်တစ်ယောက် ချစ်စရာဇနီးချောလေးနဲ့အတူ လွတ်လပ်ပျော်ရွှင်ရယ်မောရင်း အကြော်ရောင်းနေခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ သားငယ်ကတော့ "အလုပ်အကိုင်မကောင်းဘူးမိန်းမရေရွာပြန် အကြော် ကြော်ကြအုံးစို့ဟ... " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သားငယ်တို့ ဇနီးမောင်နှံရဲ့ အကြော်ရောင်းနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source :thar nge ' s facebook page 

photo credit : thar nge ' s facebook page
photo credit : thar nge ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။