ဖြူစင်တဲ့ စိတ်ထားလေးကြောင့် လူချစ်လူခင် ပေါ်များသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာသက်တမ်း ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေဆထက်တိုးကာ ပရိသတ်တွေရဲ့ အခိုင်အမား အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကိုလည်း မိန်းကလေးချင်းတောင် အားကျနေရတာပါ။

Photo Credit- Wutt Hmone Shwe Yi’s Instagram Account
Photo Credit- Wutt Hmone Shwe Yi’s Instagram Account
Photo Credit- Wutt Hmone Shwe Yi’s Instagram Account

ရွှေကစ်လေးဟာ မကြာသေးခင်ကလည်း စည်ပင်ဝန်ထမ်းတွေအတွက် စားစရာများနဲ့ အသုံးအဆောင် ပစ္စည်းများကို ကိုယ်တိုင်သွား​ရောက် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ နေရာတွေကိုလည်း အလှူငွေများ လှူဒါန်းလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း ဒီလိုစိတ်သဘောထား နူးညံ့သိမ်မွေ့တဲ့ မင်းသမီးလေးရဲ့ ပရိသတ်ဖြစ်ခွင့်ရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi’s Instagram Account
Photo Credit- Wutt Hmone Shwe Yi’s Instagram Account
Photo Credit- Wutt Hmone Shwe Yi’s Instagram Account

ဒီနေ့မှာလည်း ရွှေကစ်တစ်ယောက် ရိုက်ကူးရေးတစ်ခု ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သနပ်ခါးပါးကွက်ကြားနဲ့ခြင်းတောင်းကိုဆွဲပြီးစျေးဝယ်ဖို့လုပ်နေတဲ့Kညီနဲ့ခင်လှိုင်ကိုကြည့်ပြီးအူတက်နေတဲ့ ရွှေကစ်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Wutt Hmone Shwe Yi’s Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။