ပရိသတ်အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူဖွေးဝင်းဥတဲ့အသားအရည် အလှပိုင်ရှင်လေးဖြစ်ပြီး ကြည်လင်ဝင်းပတဲ့မျက်နှာလေးနဲ့ လှနေတာ ဖြစ်ပါတယ် ။ ရွှေကစ်လေးလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ သူမက ထပ်ဆင့်အကယ်ဒမီဆုရှင်လေးဆိုရင်လည်း မမှားပါဘူးနော် ။ သရုပ်ဆောင်ကောင်းသလို စိတ်ထားလည်း ဖြူစင်တဲ့ကစ်လေးကို အားလုံးကဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

အခုရက်ပိုင်းမှာတော့ ရွှေကစ်လေးက အိမ်မှာပဲအနားယူနေသလို အလှူအတန်းတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ရွှေကစ်လေးက ကိုလူချောလေးတွေနဲ့အတူ ရိုက်ကူးရေးတစ်ခု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ် ။ ရွှေကစ်က ဘုန်းမင်းနေလ၊အုပ်စိုးခန့်၊ ထွန်းဝီရတို့သုံးယောက်နဲ့အတူ ရှုတင်မှာတွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Phone Min Nay La's IG Story

တစ်ယောက်တစ်မျိုးစီ အပီအပြင်ပို့စ်ပေးနေတဲ့ ရွှေကစ်တို့ရဲ့ဗီဒီယိုလေးကိုတော့ ဘုန်းမင်းနေလက တင်ထားတာ ဖြစ်ပါတယ် ။ ရွှေကစ်လေးက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တွေဖြစ်ကြတဲ့ ဘုန်းမင်းနေလတို့သုံးယောက်နဲ့အတူ ရုပ်ပြောင်လေးတွေလုပ်ပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးရွှေကစ်နဲ့ ဘုန်းမင်းနေလတို့သုံးယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phone Min Nay La's IG Acc

Photo Credit-Phone Min Nay La's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။