ပရိတ်သတ်ကြီးရေ သဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံးကြိုးစားတတ်တဲ့ မင်းသားချောလေးမြင့်မြတ်ကို သိကြတယ်မလား။

သူဟာ အနုပညာလောကမှာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ ပရိတ်သတ်အားပေးမှု အပြည့်အ၀ရရှိထားပြီးတော့ အမှောင်တွေရွာချတဲ့မိုးတိမ် ဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo credit-Yone Lay's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ ပျော်ရွှင်ချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်ရတဲ့သားငယ်လေး မြတ်သူကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ဒါ့ပြင်မြင့်မြတ်ရဲ့ဇနီးချောလေးဟာလည်း ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားပြီလည်းဖြစ်ပါတယ်။သူဟာ ယခုလတ်တလောတွင် အလှူဒါနများကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး စေတနာကောင်းလှတဲ့မင်းသားတစ်ယောက်ပါနော်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မြင့်မြတ်ရဲ့ မွန်မြတ်တဲ့အလှူလေးကို မကြာသေးမီက ယုန်လေးဟာ သူ့ရဲ့Facebookစာမျက်နှာတွင်"ဟိုနေ့က အလှူက သူနဲ့ အဆက်သွယ်မရခင် မြင့်မြတ် ၁၀သိန်းဆိုပြီး ကိုယ်စိတ်နဲ့ကိုယ် ထည့်လိုက်တာ .သူသိရင် ပိုလှူမှာပါလို့ ပြောခဲ့တယ် ထင်တဲ့အတိုင်းသိန်း ၁၆၀ ကျော် . PPE 1040 စာ လှူခဲ့ပါတယ်။OG Family . ဂုဏ်ယူပါတယ်"ဆိုပြီးရေးသားထားပါတယ်။ပရိတ်သတ်ကြီးလည်း မြင့်မြတ်ရဲ့အလှူလေးကိုသာဓုခေါ်နိုင်ဖို့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

Source-Yone Lay's Facebook acc

Photo credit-Yone Lay's Facebook acc/Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။