အဆိုတော်မလေး ဆိုဖီယာကတော့ Myanmarn Idol Season သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့ကာ အဆိုပါသီချင်းဆိုပြိုင်ပွဲကြီးကနေထွက်ပေါ်လာတဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ သီချင်းအသစ်လေးတွေထွက်ရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit :Sophia Everest Aurora ' s facebook account
photo credit :Sophia Everest Aurora ' s facebook account

သီချင်းအသစ်လေးတွေလည်းထွက်ရှိဖို့ကြိုးစားနေတဲ့ သူမကတော့ ခပ်လန်းလန်းဖက်ရှင်လေးတွေ ဝတ်ဆင်တတ်သူလေးဖြစ်သလို မြန်မာဆန်ဆန်ဖက်ရှင်လေးတွေလည်း ဝတ်ဆင်လေ့ရှိပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း ပါဝင်လှူဒါန်းလေ့ရှိသူတစ်ယောက်ဖြစ်ပြီး မကြာခင်ရက်ပိုင်းက ဆန်တွေကို လှူဒါန်းခဲ့ပါသေးတယ်။ 

photo credit :Sophia Everest Aurora ' s facebook account
photo credit :Sophia Everest Aurora ' s facebook account

သူမကတော့ ယခုမှာ ပြီးခဲ့တဲ့နှစ်သင်္ကြန်တုန်းက အထာကျကျလေးလန်းတဲ့ အမိုက်စားဆံပင်ပုံစံလေးနဲ့ ပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ ပရိသတ်တွေရှေ့ချပြလာခဲ့ပါတယ်။သူမကတော့ "2017 2018 2019 ပြီးခဲ့လေသောသကြင်္န်နှစ်များ "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ဆိုဖီယာရဲ့ အလန်းစားဆံပင်ပုံစံလေးနဲ့ ဂေါ်နေတဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Sophia Everest Aurora ' s facebook account

photo credit :Sophia Everest Aurora ' s facebook account
photo credit :Sophia Everest Aurora ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။