ချစ်ပရိသတ်ကြီးရေ အကယ်ဒမီ သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ယောက်ျားလေးပရိသတ်တွေရဲ့ တခဲနက်အားပေးမှုများအပြင် မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကိုပါ ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကိုသာ အလေးထားရိုက်ကူးနေတာဖြစ်ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီ ဆုကြီးကိုလည်း ထိုက်တန်စွာရရှိထားတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေများစွာ အားပေးရတဲ့ ဇာတ်ကားကောင်းတွေ ပဲဖြစ်ပါတယ်။

Photo credit - Myat Wai Tun's fb account
Photo credit - Myat Wai Tun's fb account
Photo credit - Myat Wai Tun's fb account

ဒါ့အပြင် မြင့်မြတ်က စိတ်သဘောထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ သူရဲ့ ပုံစံကြောင့်လည်း လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ်။ မြင့်မြတ်က သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီး နားလည်မှုရှိပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ ချစ်ဇနီးချောလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သူတို့မိသားစုလေးက သူတပါးအပေါ်မှာ ကြင်နာသနားတက်ပြီး အလှူအတန်းတွေလည်း အမြဲပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။

Photo credit - Myat Wai Tun's fb account
Photo credit - Myat Wai Tun's fb account
Photo credit - Myat Wai Tun's fb account

မြင့်မြတ်က သူရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ မေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိတာဖြစ်ပြီး အခုလက်ရှိမှာလည်း သားသားလေး မြတ်သူရဲ့ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာမှာ တင်ပေးလါတာပဲဖြစ်ပါတယ်။ " Now ဘိုကေအသစ်နဲ့ ချစ်တုန်းကြီးမြတ်သူ " ဆိုတဲ့စာသားလေးနဲ့အတူ အသည်းယားစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....... ။

Photo credit - Myat Wai Tun's fb account
Photo credit - Myat Wai Tun's fb account
Photo credit - Myat Wai Tun's fb account

Source & Photo credit - Myat Wai Tun's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။