ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လှပဆန်းပြားတဲ့ ကမ္ဘာကျော် တံတားကြီးတွေထဲကမှ တစ်ခုဖြစ်တဲ့ "New River Gorge Bridge" နယူးရေးဗား တံတားကြီးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း၊ ဗာဂျီးနီးယားပြည်နယ် အနောက်ဘက်ရှိ နယူးရေးဗားတံတားဟာ ၃၀၃၀ ပေ ရှည်လျားတဲ့ သံမဏိ ခုံးတံတားဖြစ်ပါတယ်။

photo credit pngtree

ပေ ၁၇၀၀ ရှည်လျားတဲ့ နယူးရေးဗားတံတားဟာ တစ်ချိန်က အရှည်ဆုံး ခုံးရှိသော တံတားဖြစ်ခဲ့ပါတယ်။ (ယခုအခါမှာတော့ တတိယနေရာတွင်ရှိပါတယ်)။ မြစ်မျက်နှာပြင်အထက် ၈၇၆ ပေအမြင့်တွင် တည်ဆောက်ထားတဲ့ နယူးရေးဗားတံတားဟာ အမေရိကန်နိုင်ငံရဲ့ တတိယ အမြင့်ဆုံး တံတားဖြစ်ပါတယ်။ နယူးရေးဗားကို ၁၉၇၄ ခုနှစ်၊ ဇွန်လတွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၇ ခုနှစ် အောက်တို ဘာလ ၂၂ ရက်တွင် ပြီးဆုံးခဲ့ပါတယ်။

photo credit pngtree

ထိုတံတားကြီးရဲ့ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၃၇ သန်းကုန်ကျခဲ့ပါတယ်။ ယခုအခါမှာတော့ နယူးရေးဗားတံတားပေါ်မှ နေ့စဉ် ယာဉ်စီးရေ ၁၆၂၀၀ ကျော် ဖြတ်သန်းလျက်ရှိပါတယ်။ ထိုတံတားတည်ဆောက်ခဲ့တာကြောင့် နယူးရေးဗား ချောက်ကမ်းပါးအား မော်တော်ယာဉ်များ ဖြတ်သန်းရချိန်ကို ၄၅ မိနစ်မှ ၄၅ စက္ကန့်သို့ လျှော့ချ နိုင်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် နယူးရေးဗားတံတားကို အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင်နေရာများ အမျိုးသား မှတ်ပုံတင် စာရင်းတွင် ထည့်သွင်းခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။