သက်ကြီးရွယ်အိုအဖိုးအတွက်အသက်မွေးမှုတစ်ခုဖန်တီးပေးခြင်း

ကျနော် ဒီအဖိုးအကြောင်းကြားတာတစ်ပတ်ရှိပြီ...

သွားကြည့်ဖို့တော်တော်အားထုတ်ရသည်...

ဒီမနက်တော့ ကိုဖြူကောင်းမှုနဲ့အဖိုးဆီရောက်ခဲ့တယ်....

သူနေ့စဉ်တောင်းနေတဲ့ စကြာနန္ဒ စကြာသီဟဘုရားဘေးမှာပေါ့..

ရေမြောင်းကိုခွထိုင်ပြီး ..

အသက် ၈ဝကျော်အဖိုးအို တောင်းရမ်းစားသောက်နေရတော့ စိတ်ထဲမကောင်းမိပေ။

ဘေးမှာတော့ အနားက လူတွေလာပေးထားတဲ့ထမင်းပန်းကန်တစ်ချပ်

ရေဘူးတစ်ဘူး၊ချာလီထီးအနက်တစ်ချောင်း..ရှိလေရဲ့

သူ့ရှေ့မှာ ကော်ဆွဲခြင်းခပ်သေးသေးတစ်ခု၊အဲအပေါ်မှာ...

ပိုက်ဆံထည့်ဖို့ ခြင်းသေးသေးတစ်ခု၊၅၀ိ/

တန်၊၁၀၀ိ/တန်ကျကျနနစီထားသည်။

ကျနော်တို့စကားစမြည်ပြောကြည့်သည့်

ငါကဝဲဒေါင့်မြသိန်းတန်ကျောင်းနားမှာနေတာကွ၊ မြို့ထဲလူများတော့ပိုက်ဆံပိုရပေမယ့်...

ဘုရားရိပ်ကအေးလို့ဒီနားနေ့တိုင်းလာတောင်းတာ...

ဘိုးဘွားရိပ်သာလားမနေချင်ပါဘူး...

ကိုယ့်ဘာသာနောက်ဆုံးအချိန်လေး အေးအေးချမ်းချမ်းနေချင်တယ်..

အိမ်နဲ့ခြံလေးရှိတယ်..

သူများနေဆိုပြီးပေးထားတာ.....

ခပ်သေးသေးရယ်ပါကွာ...

ကြောင်လေးတွေလည်းမွေးထားတော့..သူတို့အစာဖိုး၊ငါ့အစာဖိုးပေါ့..

သားတွေတော့မမေးနဲ့ ၉ယောက်ရှိတယ်..တချို့လည်း နာဂစ်မှာဆုံးကုန်တယ်...

အငယ်ဆုံးသားက အိမ်လာတယ်ဟိုရက်က ငါ့သူများကန်တော့တဲ့ ပုဆိုးအသစ်တောင် ယူသွားတယ်အေးရော..

ကိုယ်ဘာသာရှာဖွေစားမယ်ကွာ....

ဒီလိုနဲ့ဘယ်လိုပင်စည်းရုံးသော်လည်းမရ၍

ကျန်မာရေးအတွက်ဖုန်းနံပါတ်ပေး၊ရေဒီယိုတစ်လုံးဝယ်ပေး...

လုပ်ကိုင်စားသောက်ဖို့အတွက်...

ထုံးစံအတိုင်းတစ်ခါချိန် ၂ဝဝရေးပြီး ၉ဝဝဝတန်ပေါင်ချိန်စက်လေးလှူ၊

ဦးဖြူအကြံပေးတော့ လေထိုးတံတစ်ခုပါထပ်ဝယ်ပေးထားခဲ့ပါသည်။

မြောင်းမြများရောက်ခဲ့ရင် ...

မြို့အဝင်စကြာနန္ဒဘုရားဘေးက အဘ ရဲ့ စီးပွားရေးလေးဝင်အားပေးသွားပါဦးဗျာ...

အလှူရှင်ကတော့ သူငယ်ချင်း မေသဇင်မြင့်နိုင်၊ဦးဖြူ၊ကျနော်စုပေါင်းကောင်းမှုပါ...

အဘကိုအားပေးဖြစ်တယ်...

အဘ အားမငယ်နဲ့၊မတောင်းနဲ့......

လိုရင် ဖုန်းဆက်ပါဗျာ.....

ဒါပါပဲ ကနေ့မနက်စောစောကတော့.....လို့ facebook သုံးစွဲသူတစ်ဦးမှာ သူ့ရဲ့ကုသိုလ်ပြုပုံလေးကို တင်ထားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။