ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ ထူးခြားဆန်းပြား လမ်းမကြီးတွေထဲကမှ တစ်ခုဖြစ်တဲ့ "Pan-American Highway" လမ်းမကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အမေရိကန်ပြည်ထောင်စုတွင် ဖောက်လုပ်ထားတဲ့ ပင်အမေရိကန်လမ်းဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံးသော အဝေးပြေးလမ်းအဖြစ် ထင်ရှားခဲ့ပါတယ်။ ထိုအဝေးပြေး မော်တော်ကား လမ်းကြီးကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှ Yonge လမ်းကို အစားထိုး ဖောက်လုပ်ခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်များတွင် အဝေးပြေးလမ်း အမှတ်(၁၁)နှင့် Yonge လမ်းတို့ကို ပေါင်းစပ်ကာ ကမ္ဘာပေါ်မှာ အရှည်ဆုံး မော်တော်ကားလမ်း ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ပင်အမေရိကန် လမ်းမကြီးဟာ ကီလိုမီတာ ၄၈၀၀၀ ( မိုင် ၂၉၈၀၀) ရှည်လျားပြီး အမေရိကတိုက်ရှိ အဓိကနိုင်ငံ ၁၅ နိုင်ငံကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ ထိုနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ ပီရူး၊ အာဂျင်တီးနားနှင့် အယ်လ်ဆာ ဗေးဒိုးနိုင်ငံတို့ပါဝင်တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။