မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသူဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမကတော့ ယခုမှာ မောင်လေးနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုကြောင့်ရခဲ့တဲ့ အနုပညာကြေးတွေနဲ့ စားသောက်ဖွယ်ရာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။ 

photo credit : Poe Kyar Phyu Khin 's facebook account
photo credit : Poe Kyar Phyu Khin 's facebook account

သူမကတော့  " ဒီကနေ့ မောင်နှမ ၂ ယောက်ရဲ့ တက်နိုင်သလောက် အလှူလေး ကိုယ်တွေသာ သာသာယာယာနဲ့ အိမ်ထဲမှာ နေနိုင်ပေမယ့် ခုချိန်ထိ တစ်ဝမ်းတစ်ခါး ရှာဖွေစားသောက်နေရသူတွေအများကြီးရှိနေပါသေးတယ် ငွေကြေးတန်ဖိုးအများကြီး မဟုတ်ပေမယ့် ကိုယ်တတ်နိုင်သလောက်လေး ဒါနပြုခဲ့ပါတယ်ပရိသတ်တွေရဲ့အားပေးမှုကြောင့်ရခဲ့တဲ့ အနုပညာကြေးတွေနဲ့ပြန်လှူခဲ့တာကြောင့် ကျမတယောက်ထဲရဲ့ အလှူမဟုတ်ပါဘူး ပရိသတ်တွေအားလုံးရဲ့အလှူပါရှင် "ဆိုပြီးရေးသာထားခဲ့ပါတယ် ။

photo credit : Poe Kyar Phyu Khin 's facebook account
photo credit : Poe Kyar Phyu Khin 's facebook account

သူမကတော့ " မကြာခင် သကြင်္န်လဲကျတော့မှာဆိုတော့ အိမ်မှာနေရင်း စားဖို့ ဆန်တစ်ပြည် , ဆီ ၅၀ သား , ဆားတစ်ထုပ် , ငပိတစ်ဘူး , ကြက်ဥတစ်ကဒ် , ခေါက်ဆွဲခြောက် ၅ ထုပ်ဆီနဲ့ ငွေ ၁၀၀၀၀ ဆီ ပေးလှူခဲ့ပါတယ် အလှူလက်ခံသူတို့ရဲ့ ဝမ်းသာဆုတောင်းစကားတွေကြောင့် ဒီနေ့လေးက အများကြီး အဓိပ္ပါယ်ရှိခဲ့ရပါတယ်ရှင် အလှူလေးဖြစ်မြောက်ဖို့ ပံ့ပိုးပေးခဲ့တဲ့ ကျမရဲ့မိသားစုဝင် တို့ကို လဲ ကျေးဇူးများကြီးတင်ပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

source: Poe Kyar Phyu Khin 's facebook account

photo credit : Poe Kyar Phyu Khin 's facebook account
photo credit : Poe Kyar Phyu Khin 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။