ပေါ်တူဂီအသင်းနဲ့ ဂျူပီအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုးကြီးရော်နယ်ဒိုကတော့ သူရဲ့ ဖခင်ဟာ သူမအောင်မြင်အချိန်တည်းက အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ဆုံးပါးသွားခဲ့ပြီး မိခင်ကို ဖခင်လိုရော မိခင်လိုပါ ချစ်ခင်ခဲ့သူပဲဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ အမေအားကိုးရတဲ့ သားတစ်ယောက်ဖြစ်ပြီး အမေချစ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ မိခင်ကို အမြဲဂရုတစိုက်နဲ့ ကြည့်ရူစောင့်ရှောက်ပေးလေ့ရှိပါတယ်။

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

မိခင်ဖြစ်သူကျန်းမာရေးမကောင်းတဲ့အကြောင်းသတင်းကြားကြားချင်း အီတလီနိုင်ငံကနေ မိခင်နေထိုင်တဲ့ပေါ်တူဂီကို ချက်ချင်းပြန်သွားပြီးအနားမှာနေပေးခဲ့တာတွေက ရော်နယ်ဒိုတစ်ယောက် မိခင်ကို ဘယ်လောက်ချစ်ကြောင်း ပေါ်လွင်စေပါတယ်။ ရော်နယ်ဒိုတစ်ယောက်ကတော့ မိခင်ဖြစ်သူရဲ့ သဘောမကျမှုကြောင့် ​ချစ်ရတဲ့သူကိုတောင် လမ်းခွဲခဲ့တာပဲဖြစ်ပြီး လက်ရှိချစ်သူGeorgina Rodriguezကတော့ မိခင်ကိုယ်တိုင်သဘောကျသူပဲဖြစ်ပါတယ်။

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

ယခုမှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပေါ်တူဂီအမေများနေ့မှာ မိခင်ဖြစ်သူကို ကျပ်သိန်းပေါင်းထောင်ချီပြီး တန်ဖိုးရှိတဲ့ အနက်ရောင်ကားသစ်တစ်စီး ကို လက်ဆောင်ပေးခဲ့​ပါတယ်။ရော်နယ်ဒိုကတော့ ယခုမှာ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေတာပဲဖြစ်ပြီး  ဂျူဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းဖို့အတွက် ပေါ်တူဂီနိုင်ငံကနေ ပြန်လာဖို့ စီစဥ်လျက်ရှိနေပါတယ်။ 

source  : cristiano 's instagram account 

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။