အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အနုပညာလောကမှာအချိန်အတော်ကြာနေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေကိုလည်း ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ သူမကတော့ သီချင်းတိုင်းကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်လေ့ရှိပြီး သူမရဲ့သီချင်းလေးတွေဟာ နားထောင်လို့ရိုးသွားတယ်မရှိဘဲနားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။

Photo credit - Kyaw Shwe Min (DIOR By Heart)
Photo credit - Kyaw Shwe Min (DIOR By Heart)
Photo credit - Kyaw Shwe Min (DIOR By Heart)

သူမတူဘဲ အမိုက်စားဖက်ရှင်လေးတွေ အလန်းစားဖက်ရှင်လေးတွေကိုဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ အမြဲတမ်းပြုံးပြုံးပျော်ပျော်နေတတ်ပြီး စကားပြောပညာသားပါလွန်းတာကြောင့် ပရိသတ်တွေအချစ်ပိုရတင်မဟုတ်ဘဲ အနုပညာရှင်အချင်းချင်းကပင် လေးစားရတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့  ပရိသတ်တွေအတွက် ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ 

Photo credit - Kyaw Shwe Min (DIOR By Heart)
Photo credit - Kyaw Shwe Min (DIOR By Heart)
Photo credit - Kyaw Shwe Min (DIOR By Heart)

သူမကတော့ ယခုမှာ အမိုက်စားကောက်ကြောင်းတွေပေါ်လွင်တဲ့ အနီရောင်ဖက်ရှင်လေးနဲ့ ဆယ်ကျော်သက်လူငယ်လေးလို နုပျိုလှပလွန်းနေခဲ့ပါတယ်။ သူမကတော့ " Age is just a number " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ  ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ အနီရောင်ဖက်ရှင်လေးနဲ့ နုပျိုနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source - Phyuphyukyawthein's facebook page 

Photo credit - Kyaw Shwe Min (DIOR By Heart)
Photo credit - Kyaw Shwe Min (DIOR By Heart)
Photo credit - Kyaw Shwe Min (DIOR By Heart)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။