အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်တဲ့ ရဲလေးကတော့ ကာတွန်းတို့ ပန်းချီတို့ဆိုရင်ဝါသနာပါခဲ့တာမို့ တူအရင်းကိုယ်တိုင် ဆွဲပြီးလက်ဆောင်ပေးတဲ့ပန်းချီကားလေးကို တန်ဖိုးထားမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။  ရဲလေးကတော့ " ဘဝမှာ ကာတွန်း တို ့ပန်းချီတို ့ဆိုရင်အရမ်းဆွဲတတ်ချင်ခဲ့တာ အာ့ဘက်မှာပါရမီမပါတာရယ်လေ့လာမှုအားနည်းလို ့မဖြစ်မြောက်ခဲ့ဘူးခင်ဗျ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

photo credit : ye tun min ' s facebook acc
photo credit : ye tun min ' s facebook acc

ရဲလေးကတော့ " ဒါပေမဲ ့ ပန်းချီ တို ့ ကာတွန်းရုပ်ပြ တွေဆွဲတတ်တဲ ့ပညာရှင်တွေ ကိုတွေ ့တိုင်းမြင်တိုင်း အမြဲလေးစားအားကျခဲ့ အားကျမြဲပါ...ကိုယ့်အသိုင်းအဝိုင်းမှာလည်းအာ့လို ပညာရှင်တွေကိုတွေ ့တိုင်း အမြဲ respect ပါ...တစ်ခါတစ်လေ သူတို ့ရဲ ့ပညာကို လည်းလေးစားရင်း သူတို ့ကို အကူအညီတောင်းပြီးအမှတ်တရ ဆွဲစေခဲ့တဲ ့ပုံတူပန်းချီကား သဘာဝပန်းချီကားတွေ လည်းရှိခဲ့ပါတယ်. " ဆိုပြီး ရေးသားထားပါတယ်။

photo credit : ye tun min ' s facebook acc
photo credit : ye tun min ' s facebook acc

ရဲလေးကတော့ " ၊Art ဖြစ်နေတဲ ့ခံစားချက်ပါတဲ ့ဘယ်အရာမဆို ကျွန်တော်တန်ဖိုးထားတယ် သဘောကျတယ်ပေါ့ဗျာ...ဘယ်ပညာရှင်မဆိုသေးသေးငယ်ငယ်ကြီးကြီး respect ပါ လေးစားစရာရှိရင်ချီးကျူး စရာရှိရင်လက်ခုပ်တီးတတ်တာ ကျွန်တော် အကျင့်ပါ...အခု လည်း ကျွန်တော့်တူအရင်း(မောင်ပေါတီး) ကဦးရဲအတွက်တဲ ့ သူကိုယ်တိုင်ဆွဲထားပြီးလက်ဆောင်ပေးသွားတယ် လေးစားပါတယ် တန်ဖိုးထားပါ့မယ် ကျေးဇူးတင်ပါတယ်ခင်ဗျ...ဘာပဲ​ပြောပြောတူတာမတူထက် သူ ့စေတနာလေးကိုအသိအမှတ်ပြုပါတယ်ခင်ဗျ "ဆိုပြီးရေးသားထားပါတယ်။

source :  ye tun min ' s facebook acc

photo credit : ye tun min ' s facebook acc
photo credit : ye tun min ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။