MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသားချောလေးနက္ခတ်ကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့ပါတယ်။ အရိပ်ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေစတင်သိရှိလာတဲ့ နက္ခတ်ကတော့ ယခုမှာ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်ခဲ့ပြီး ဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။

photo credit : Nat Khat 's facebook account
photo credit : Nat Khat 's facebook account

အနေအထိုင်အေးဆေးစွာပြီး တည်ငြိမ်စွာစကားပြော ဆိုတတ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ နက္ခတ်ကတော့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ အမှန်အတိုင်း ချပြထားသူလေးဖြစ်ပါတယ်။ ချစ်သူနဲ့အတူ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားနိုင်တဲ့  နက္ခတ်ကတော့ ဘယ်လိုအခက်အခဲအတားအဆီးတွေပဲရှိရှိ ချစ်သူရဲ့ လက်ကို ဆွဲကိုင်ထားချင်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

photo credit : Nat Khat 's facebook account
photo credit : Nat Khat 's facebook account

နက္ခတ်ကတော့  " ကိုယ့် ဘဝ ရဲ့ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေအခက်အခဲတွေ အတားအဆီးတွေဘာတွေဘဲရှိနေရှိနေ ကိုယ် မင်းလက်ကလေးကိုအမြဲတမ်းဆုပ်ကိုင်ထား ပါရစေ "ဆိုပြီးကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူလူမှုကွန်ယက်ထက်မှာ  ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နက္ခတ်တို့ ချစ်သူစုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့  ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

source: Nat Khat 's facebook account

photo credit : Nat Khat 's facebook account
photo credit : Nat Khat 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။