မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေနဲ့အနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။

photo credit : Nann Myat Phyo Thinn 's facebook account
photo credit : Nann Myat Phyo Thinn 's facebook account

မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့သားလေးjackjackကတော့ ပရိသတ်တွေ ချစ်ခင်ရတဲ့ ကလေးငယ်လေးဖြစ်ပြီး သားလေးကို အချိန်အပြည့်အဝပေးနေကာ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေပါတယ်။ သူမကတော့ ယခုမှာ ကြည်လင်တဲ့ မျက်နှာလေးနဲ့ အမြဲပြုံးပျော်ရွှင်နေတဲ့ သားလေးကို ကြည့်ပြီး ချစ်မဝနိုင်အောင်ဖြစ်နေခဲ့ပါတယ်။

photo credit : Nann Myat Phyo Thinn 's facebook account
photo credit : Nann Myat Phyo Thinn 's facebook account
photo credit : Nann Myat Phyo Thinn 's facebook account

သူမကတော့ " မေ့ချစ်သားလေးရေ...ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့အရာတွေကိုမေမေပေးနိုင်ဖို့မသေချာပေမယ့်မေမေ့ဘဝရဲ့အကောင်းဆုံးဆိုတာတွေကတော့သားသားအတွက်ပါပဲချစ်တယ်သားလေးရေ "ဆိုပြီး သားလေးနဲ့အတူ ပျော်ရွှင်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းတို့ သားအမိရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source : Nann Myat Phyo Thinn 's facebook account 

photo credit : Nann Myat Phyo Thinn 's facebook account
photo credit : Nann Myat Phyo Thinn 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။