မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေးနေထိုင်တတ်တာကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ မြန်မာဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကိုသာ ဝတ်ဆင်လေ့ရှိသူလေးပဲဖြစ်ပါတယ်။

photo credit : Poe Kyar Phyu Khin 's facebook account
photo credit : Poe Kyar Phyu Khin 's facebook account

အနုပညာအလုပ်တွေအနေနဲ့ ဇာတ်လမ်းတွဲတွေ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။သူမကတော့ယခုမှာ ခါးလယ်လောက်ထိရှည်လျားတဲ့ ဆံပင်ရှည်လေး ရိုးရှင်းတဲ့အပြုံးလေးတွေနဲ့ လွန်ခဲ့တဲ့၃နှစ်က ညောင်ရေသွန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့တာပဲဖြစ်ပြီး အဆိုပါမြန်မာဆန်ဆန်ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

photo credit : Poe Kyar Phyu Khin 's facebook account
photo credit : Poe Kyar Phyu Khin 's facebook account

သူမကတော့ " ဒီနှစ်ကဆုန်လပြည့်နေ့ကတော့ အိမ်ထဲမှာပဲ နေရတဲ့အတွက် ဘုရားသွားပြီး ညောင်ရေမသွန်းနိုင်ခဲ့ပါဘူး အဲ့ဒါကြောင့် လွန်ခဲ့တဲ့ ၃ နှစ်က ပုံလေးတွေပဲ ပြန်တင်လိုက်တယ်နော် ဆံပင်ရှည်လေးနဲ့ ကြာသပတေးသူလေးပါရှင် "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုးကြာဖြူခင်ရဲ့ ရိုးရှင်းတဲ့ မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

source  : Poe Kyar Phyu Khin 's facebook account 

photo credit : Poe Kyar Phyu Khin 's facebook account
photo credit : Poe Kyar Phyu Khin 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။