အဆိုတော်ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ရှိပါတယ်။

photo credit : Htoo Khant 's facebook account
photo credit : Htoo Khant 's facebook account

အဆိုပိုင်းမှာလည်း ထူးချွန်သလို သရုပ်ဆောင်ပိုင်းမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်နေတဲ့ ရွှေထူးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ရွှေထူးကတော့ ကြည်နူးစရာမိသားစုဘဝလေးကို ချစ်ဇနီးချောလေး ရွှေမှုံရတီနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးတို့စုံတွဲလေးကတော့ ကြည်နူးစရာအချိန်တွေကို အတူတူဖြတ်သန်းနေပါတယ်။ 

photo credit : Htoo Khant 's facebook account
photo credit : Htoo Khant 's facebook account

ယခုမှာတော့ ရွှေထူးတစ်ယောက် ချစ်ဇနီးချောလေးရွှေမှုံရဲ့ ပါးပြင်လေးတွေကို နမ်းရှိုက်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ ရွှေထူးကတော့ " အဖြူ နဲ့ အညို "ဆိုပြီး ကြည်နူးစရာပုံရိပ်လေးနဲ့အတူရေးသားထားပါတယ်။ရွှေထူးတို့စုံတွဲရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် ရွှေထူးတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

source: Htoo Khant 's facebook account 

photo credit : Htoo Khant 's facebook account
photo credit : Htoo Khant 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။