Vivo ဟာဆိုရင် ကိုယ်စီးရီနဲ့ ကိုယ်စတိုင်နဲ့ကိုယ်ထိုးဖောက်လာခဲ့တာဆိုတာ Vivo ချစ်ပရိသတ်တွေ အသိပဲ နေမှာပါ ။နိုင်ငံတကာကိုဖြန့်ချီနေတဲ့ ကောင်းမွန်တဲ့ brand တစ်ခုဖြစ်ပါတယ်။ပေါ့ပါးကျစ်လစ် နေတဲ့ သူရဲ့ ဒီဇိုင်းကတော့ မဝယ်ပဲ နေနိုင်ရောလား ။အလေးချိန်ကတော့ 186.5 g လောက်ပဲ လေးပါတယ်။မျက်နှာပြင်အရွယ်အစားကတော့ 6.44 inch ဖြစ်ပြီး ရုပ်ထွက်ကြည်လင်မှုနှုန်းကတော့ 2400×1080(FHD+) ဖြစ်ပါတယ်။Super AMOLED မျက်နှာပြင်အောက် လက်ဗွေ စနစ် Fringerprint Scanner ပါဝင်ပါတယ်။ RAM & ROM ကတော့ 8 GB+128GB ပါဝင်ပြီး ဖုန်းတစ်လုံးရဲ့ တန်းဖိုးထားရဆုံး ဘတ္တရီကတော့ 4500 mAh တောင်သုံးထားပါတယ်နော်။ဒါတောင်မက အားအမြန်သွင်းစနစ် 33W လည်းပါ ပါသေးတယ်။ 

သူရဲ့ အရောင်က Gleam Black & Sleek Silver ဆိုပြီး တစ်ကယ်ကို ဆွဲဆောင်မှုရှိရှိ အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ဖုန်းတစ်လုံးဝယ်ရင် ကင်မရာကောင်းမကောင်း စစ်တာ လူတိုင်းလုပ်ဖူးကြမှာပါ အနောက်ကင်မရာ( 4 )လုံးပါရှိပါတယ်။ အရှေ့ကင်မရာ 32MP+8MPနဲ့ အနောက်ကင်မရာ 48 MP+8MP+2MP+2MP ပါရှိမှာဖြစ်ပါတယ်။ရိုက်ကူးရေးစနစ်အနေနဲ့ Front-super night selfie , super wide-angle selfie/ Rear-super night mode, ultra stable video, art portrait video ,super macro, bokeh portrait ,art portrait တွေပါဝင်ပါတယ်။

ဒီလို လှပဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ V19 ကို မေလ ၈ ရက်နေ့၊ ညနေ ၆ နာရီမှာ Vivo Myanmar Facebook Page မှာ live-stream လွှင့်ပြီး တရားဝင် မိတ်ဆက်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ live-stream အချိန်အတွင်းမှာ ကြေညာသွားမှာ ဖြစ်ပြီး V19 တစ်လုံး ကံထူးနိုင်မယ့် give away လဲ ပါဝင်လို့ စောင့်ကြည့်ဖို့ မမေ့နဲ့ နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။