ဆယ်စုနှစ်တစ်ခုအကြာအဆိုတော်လောကမှာ ရပ်တည်ထားနိုင်ခဲ့တဲ့ အဆိုတော်တင်ဇာမော်ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းလေးတွေကို သီဆိုတတ်သူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အဆိုပါသီချင်းလေးတွေဟာလည်း လူကြိုက်များကာ ပရိသတ်တွေကြားရေပန်းစားလျက်ရှိနေပါတယ်။ 

Photo Credit : Tin Zar Maw' s Facebook Acc
Photo Credit : Tin Zar Maw' s Facebook Acc

အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးမှာလည်း ဒိုင်အဖြစ်ပါဝင်လုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ရင်ထဲမှာ ရပ်တည်ထားနိုင်တဲ့ သူမကတော့ ယခုမှာ သီချင်းအသစ်လေးတွေ ထွက်ရှိထားပြီး နောက်ထပ်သီချင်းလေးတွေထွက်ဖို့ ကြိုးစားလျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit : Tin Zar Maw' s Facebook Acc
Photo Credit : Tin Zar Maw' s Facebook Acc

သူမကတော့ ယခုမှာ မတွေ့ရတာကြာပြီမို့ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ သာဒီးလူ၊ရေမွန်၊ ဝေလ၊ နီနီခင်ဇော်၊ချမ်းချမ်းနဲ့  တစ်ခြားအနုပညာတွေနဲ့အတူ Group Chat မှာ ဟာသတွေပြောပြီး ပျော်ရွှင်ရယ်မောနေကြပါတယ်။ သူမကတော့ "ဟယ် ..... ဘယ်လိုတွေတောင် ပျော်ကြတာလဲ... Group Chat မှာ အူတက် ... အလွမ်းတွေ ပြေလိုက်တာ "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ရာ ချစ်ပရိသတ်တွေအတွက် အဆိုပါပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Tin Zar Maw' s Facebook Acc

Photo Credit : Tin Zar Maw' s Facebook Acc
Photo Credit : Tin Zar Maw' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။