အဆိုတော်အာဇာနည်ကတော့ အချိန်အတော်ကြာအနုပညာလောကမှာရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူလေးဖြစ်ပါတယ်။ ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အာဇာနည်ကတော့ အသံအလွန်ကောင်းပြီး သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ကာ အဆိုပါသီချင်းလေးတွေဟာ ရိုးသွာတယ်လို့မရှိဘဲ ယနေ့အချိန်ထိလူငယ်တွေနားထောင်နေကြဆဲဖြစ်ပါတယ်။ 

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

ယခုမှာတော့ အနုပညာအလုပ်တွေအနေနဲ့ ပွဲတွေမှာ ဖျော်ဖြေလျက်ရှိနေတဲ့ အာဇာနည်ကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အာဇာနည်ရဲ့ သားလေးနှစ်ယောက်ဟာ ပရိသတ်တွေချစ်ခင်ရတဲ့ ပြည်သူချစ်ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ အာဇာနည်ကတော့ မိသားစုကိုအပြည့်အဝအချိန်ပေးနေခဲ့ပါတယ်။ 

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

အာဇာနည်ကတော့ ဖေဖေနဲ့ မေမေရဲ့Anniversary နေ့လေးမှာ ငယ်ဘဝရဲ့ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။ အာဇာနည်ကတော့ " Happy Anniversary ပါ ဖေဖေနဲ့မေမေ "ဆိုပြီး မိသားစုပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အာဇာနည်ရဲ့ ဖေဖေ မေမေတို့နဲ့ အတူ ပျော်ရွှင်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source  : Zarni Myonyunt ' s Facebook Acc

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။