ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နေတဲ့ သရုပ်ဆောင်အိအိတုန်ကတော့ အောင်မြင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အိအိတုန်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး အသားဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ 

PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC

အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအနေနဲ့ စျေးရောင်းနေခဲ့တဲ့ သူမကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ သူမကတော့ ရင်သွေးလေးကိုလွယ်ထားရတဲ့ အကြောင်း ပရိသတ်တွေထံ မကြာခင်က အသိပေးလာခဲ့ပါတယ်။ သူမကတော့ ယခုမှာ စျေးတွေသာရောင်းနေရပေမယ့် ရင်သွေးလေးကိုလွယ်ထားတာ​ကြောင့် စားပြီးအန်ကာနေလို့မကောင်းဖြစ်နေခဲ့ပါတယ်။ 

PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC

သူမကတော့ ယခုမှာ " ဒီတခေါက်ဗိုက်ကြီးနာဆွဲတာစားပီးအန်​​တာနေလို့မကောင်းစျေးတွေသာရောင်းနေတာပီးရင်ဘယ်လိုကြီးမှန်းမသိသမီးလေးကိုယ်ဝန်တုန်းကဘာမှမဖြစ်ဖူးအခုဖြစ်နေတာမခံစားနိုင်အန်တဲ့ဒဏ်ကိုဆေးခန်းလည်းမသွားရဲစကားမစပ်ချစ်သမီးလေးကချစ်စရာလေးနော်ချစ်တာ "ဆိုပြီး သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အိအိတုန်တို့မိသားစုရဲ့ ချစ်စရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။ 

Source  : EI EI TONE' S FACEBOOK ACC

PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။