မင်းသမီးချောလေးဖူးစုံကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူလေးပဲဖြစ်ပါတယ်။ ဖူးစုံကတော့ ချစ်စရာကောင်းတဲ့ တူမလေးကို ပိုင်ဆိုင်ထားပြီး တူမလေးကို သွားတဲ့ခရီးတိုင်းအတူတူခေါ်သွားလေ့ရှိပါတယ်။ သူမရဲ့တူမလေးဖြစ်တဲ့ မယ်ခရာလေးကတော့ ပရိသတ်တွေ ချစ်ခင်ရသူလေးပဲဖြစ်ပါတယ်။ 

Photo Credit : Ma Pwint ' s Facebook Acc
Photo Credit : Ma Pwint ' s Facebook Acc

မယ်ခရာလေးကတော့ ငယ်စဥ်တည်းက ပရိသတ်တွေတင်မကဘဲ ပြည်သူချစ်အနုပညာရှင်တွေကပါ ချစ်ခင်ရတဲ့ ကလေးငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ ဖူးစုံရဲ့တူမလေးဟာ ဆံပင်အတိုလေးညှပ်ပလိုက်ပြီး မျက်နှာပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းနေခဲ့တာပဲဖြစ်ပါတယ် ။မယ်ခရာလေးရဲ့ အသည်းယားစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ချပြလာခဲ့တာပဲဖြစ်ကာအဆိုပါပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ 

Photo Credit : Ma Pwint ' s Facebook Acc
Photo Credit : Ma Pwint ' s Facebook Acc
Photo Credit : Ma Pwint ' s Facebook Acc

အခရာလေးရဲ့ မိခင်ကတော့ " ကဲ ... မမခရာ ညှပ်ချပလိုက်ပြီ မျက်နှာဖောင်းဖောင်းကြီးထွက်ချလာတာပေါ့နော် ညှပ်နေရင်းထ ထ အော်သေးတာ အမယ်လေးရင်ခုန်နေပြီနော် နဲ့ ပြီးသွားတော့မှန်ပြေးကြည့်ပြီး အမယ်လေးတော်သေးတယ် ခုမှ Kitty လေးနဲ့တူပြီးပိုလှသွားတာတဲ့ ကောင်းတယ်လေ ကလေးပေမယ့်သူ့ကိုယ်သူအမြဲစိတ်ချမ်းသာအောင်တွေးတတ်တာလေး "ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖူးစုံတူမလေး မယ်ခရာလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Ma Pwint ' s Facebook Acc

Photo Credit : Ma Pwint ' s Facebook Acc
Photo Credit : Ma Pwint ' s Facebook Acc
Photo Credit : Ma Pwint ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။